~~24~~

6.2K 428 12
                                    


''ငါ​လေ....ငါဆုံးဖြတ်​လိုက်​ပြီ Chanyeollie....''

တုန်​ရီစွာ ​မြောက်​တက်​လာ​သော လက်​သွယ်​သွယ်​....
ကျွန်​​တော့်​လက်​ကို ခပ်​တင်းတင်းဆုပ်​ကိုင်​လာ​သော လက်​ဖ၀ါးနုနု.....

သူ့အထိအ​တွေ့ကို ကျွန်​​တော်​ခံစားလို့ရ​နေတယ်​....
လူတစ်​​ယောက်​​လောက်​ မ​နွေး​ထွေး​ပေမယ့်​ ထိ​တွေ့​နေတယ်​ဆိုတဲ့အသိကို ကျွန်​​တော်​ခံစားမိ​နေတယ်​......

''၀ိဥာဉ်​ရဲ့ စိတ်​အားထက်​သန်​မှုအလိုက်
အာရုံငါးပါးကို လိုသလို ဖြစ်​​စေနိုင်​တယ်​.....''

ခေါင်းငိုက်​စိုက်​ချကာ ​ပြောပြလာတဲ့ Yifan....

စိတ်​အားထက်​သန်​မှုအလိုက်​.......

ကျွန်​​တော့်​လက်​ကိုဆုပ်​ကိုင်​ထားဆဲ သူ့အထိအ​တွေ့​လေးကို ကျွန်​​တော်​ခံစားမိ​နေဆဲ......

တဆက်​တည်း ရင်​ထဲလဲထိတ်​သွားရသည်​.....

*သူဘာလုပ်​ဖို့ စဉ်းစား​နေတာလဲ......''

မျက်​စိ​ရှေ့က ပုံရိပ်​လွှာ​လေးက ကျွန်​​တော့်​ကို စူးစိုက်​ကြည့်​​နေရာမှ မျက်​လွှာချသွားသည်​......

သူ့ရဲ့ ကျန်​ရှိ​နေ​သေးတဲ့ လက်​တစ်​ဖက်​ရဲ့ ဦးတည်​ရာက ကျွန်​​တော့်​ချစ်​သူဆီ..........

ထို့​နောက်​ ဆုပ်​ကိုင်​ထား​သော လက်​နှစ်​ဖက်​အား ထပ်​တူကျ​စေလိုက်​​သောသူ...........

မယုံကြည်​နိုင်​​လောက်​​အောင်​ ​ပြောင်းလဲသွား​သော အ​ခြေအ​နေများကြား ကျွန်​​တော်​မင်​သက်​မိ​နေဆဲ.......

##sigh##

သက်​ပြင်းချသံသဲ့သဲ့.....

''Baekhyun ..shi....''

က​လေးဘက်​လှည့်​ကာ ​ခေါ်လိုက်​​သောသူ......

''​ကျေးဇူးပြုပြီး...​ရှေ့​လျှောက်​..ငါ့အစားသူ့ကို​စောင့်​​ရှောက်​​ပေးနိုင်​မလား......သူက....အင့်​....''

ရင်​ထဲမှ နင့်​တက်​လာ​သော ခံစားမှု​ကြောင့်​ စကားမဆက်​နိုင်​ဘဲ တစ်​ချက်​ရှိုက်​မိသည်​......

ဝိဥာဉ်​ဆို​ပေမယ့်​လည်း ဒီဖြစ်​တည်​မှုက သူတစ်​​​ယောက်​တည်းကို အရင်းခံထားပြီး သူ့​ကြောင့်​သာ ဒီဘ၀ကို ​​ကျေ​ကျေနပ်​နပ်​လက်​ခံထားတာမဟုတ်​လား.........

Hey Doctor ♡ ♡ [Completed]Where stories live. Discover now