part 7

7.1K 532 0
                                    

ရှက်​ရမ်းရမ်းကာ စားပွဲခုံကိုပါဝင်​တိုက်​ပြီး အိမ်​​ပေါ်တပ်​​ပြေးသွား​သော ပိစိအား ရယ်​​မော၍​ငေးကြည့်​​နေမိ​လိုက်​သည်​......

သူ​လေးရင်​ခုန်​သွားတဲ့ပုံပင်....

ကျွန်​​တော်​အ​ပေါ်ထပ်​​ပြေးတက်​ကာ အခန်းတံခါးပိတ်​ပြီး
တစ်​​ယောက်​တည်း ကြိတ်​​ပျော်​​နေသည်​....

သူ့ဘက်​ကသာဘာရယ်​မဟုတ်​ရိုးရိုးသားသားစ​နောက်​လိုက်​ခြင်းဖြစ်​​ပေမယ့်​...
ကျွန်​​တော့်​ဘက်​က သူ့ကို ရိုးသားတာမှမဟုတ်​ပဲ​လေ...

သူအမှတ်​တမဲ့​ပြောလိုက်​တဲ့စကားက
ကျွန်​​တော့်​ရင်​ကို တကယ်​လှုပ်​ခတ်​​စေနိုင်​စွမ်း လွန်းပါတယ်​....

ခုတင်​​ပေါ်အချိန်​အ​တော်​ကြာလူးလှိမ့်​​နေ​သောလဲ
ပြုံး​နေ​သောမျက်​နှာကြီးကတည်​မသွား..

သူ​ပြောတဲ့အတိုင်းသာ တကယ်​ဖြစ်​လာရင်​ဆို​သော
အ​တွေးကြီးက စိတ်​ထဲဝင်​လာတိုင်း ရင်​ထဲ ဘိုးသိုးဘတ်​သက်​....

နည်းနည်းစိတ်​ငြိမ်​သွား​အောင်​ဆိုပြီး
လေ​ကောင်း​လေသန့်​ရှူရန်​ ၀ရန်​တာဘက်​ထွက်​လာလိုက်​သည်​......

လက်​နှစ်​ဖက်​ကိုဆန့်​၍ရင်​ကိုဖွင့်​ကာ
လေ​အေး​အေး​လေးကို အားပါတရရှူချလိုက်​​သော
ထို​ကောင်​​လေးအား ကျွန်​​တော်​​ငေးကြည့်​​နေမိသည်​...

ကျွန်​​တော်​ရှိ​နေတာကို​တောင်​ သတိမထားမိတဲ့ပုံပင်​....

လေတစ်​ချက်​အ​ဝှေ့တွင်​ လှိုင်းထသွား​သော
နဖူး​ပေါ်ကဆံပင်​ဖြူဖြူ​လေး​တွေနှင့်​ ည​ရဲ့လ​ရောင်​က
အပ်​စပ်​စွာ....

လေ​ကောင်း​လေသန့်​ကို လန်းဆန်းစွာအားရပါးရရှူရိုက်​​နေ​သော သူ့အသွင်​က ကျွန်​​တော့်​စိတ်​ကို ​အေးချမ်း​စေသည်​.....

အချိန်​တို​လေးအတွင်းမှာပင်
ကျွန်​​တော့်​ရင်​ထဲ လိုအပ်​တာထက်​ပို၍​နေရာယူလာ​သော
Byun Baekhyun.....

Wu Baekhyunကိုပင်​ ​မေ့နိုင်​သွား​လောက်​​အောင်
ကျွန်​​တော့်​အာရုံ​တွေကိုဖမ်းစားထားနိုင်​​သော
Byun Baekhyun....

Hey Doctor ♡ ♡ [Completed]Where stories live. Discover now