part 9

6.6K 487 0
                                    


......အိမ်​............
တစ်​နည်းအားဖြင့်​ သူနဲ့ကျွန်​​တော့်​အတွက်
သီးသန့်​ အချစ်​ကမ္ဘာ​လေးတစ်​ခု.......

ထိုကမ္ဘာငယ်​​လေးထဲ က အစိတ်​အပိုင်းတစ်​ခုဖြစ်​သည့်
ကျွန်​​တော်​တို့ အနားယူအိပ်​စက်​၇ာ​နေရာ....
တစ်​နည်း အားဖြင့်​ အိပ်​ခန်း......

တိတိကျကျ​ပြောရ​သော်​ .....ကျွန်​​တော့အခန်းမဟုတ်​​သော သူ့အခန်း......

ဖြူ​ဖွေးအိစက်​​နေ​သော ​မွေ့ယာထက်​၀ယ်
ကျွန်​​တော်​ ငုတ်​တုတ်​​လေးထိုင်​​နေကာ ဦး​ခေါင်းထကိဆီမှ အထိအ​တွေ့​လေး​တွေကိုခံစား​နေလိုက်​သည်​....

ဆံပင်​များအား သဘက်​ဖြင့်​ နူးညံ့စွာ ပွတ်​သပ်​စုတ်​​ပေး​နေ​သော သူ့လက်​​ခေါင်း​လေးများ၏ အထိအ​တွေ့​တွေထဲ ကျွန်​​တော်​စီး​မျော​နေလိုက်​သည်​....

ကျွန်​​တော့်​ခန္ဓာကိုယ်​​လေးက သူ့ရင်​ခွင်​ကျယ်​ထဲဝင်​လုနီးနီးအ​ခြေအ​နေ......

အခန်းထဲက ခပ်​တိုးတိုးထွက်​​နေ​သောHeater၏ အသံနှင့်​ ကျွန်​​တော့ဆံပင်​နှင့်​ သဘက်​ပွတ်​တိုက်​မှုမှ
ထွက်​လာ​သော အသံမှတစ်​ပါး ပကတိတိတ်​ဆိတ်​လျက်​.......

''သ​ဘောကျလား က​လေး...''

ခပ်​အုပ်​အုပ်​ထွက်​လာ​သော အသံက အခန်းထဲက တိတ်​ဆိတ်​မှုကို ဖြိုခွင်းလိုက်​သလို ငြိမ်​သက်​စပြု​နေ​သော
ကျွန်​​တော့်​ရင်​ကိုလဲ လှိုင်းအနည်းငယ်​ထ​စေသည်​.......

''ဘာကိုလဲ yeol..''

ခေါင်း​လေး​နောက်​ဘက်​အသာ​စောင်းကာ
သူ့ကိုပြန်​​မေးလိုက်​​သည်​....

ကျွန်​​တော့်​​ခေါင်းကို ထိ​တွေ့​နေ​သော သူလက်​များ
ကျွန်​​တော့်​ခါးထက်​​နေရာယူလာသည်​..

ကျွန်​​တော့်​တစ်​ကိုယ်​လုံးကို ရင်​ခွင်​ထဲမြုပ်​​နေ​အောင်
သူဆွဲသွင်းလိုက်​ရင်း...

''ကိုယ်​ က​လေးကို ​ခေါင်းသုတ်​​ပေးတာကို​လေ....
နောက်​ပြီး .....ခုလို​လေးဖက်​ထား​ပေးတာ...''

မကျယ်​​ပေမယ့်​ ကျွန်​​တော်တို့၂​​ယောက်​ကြား
ကောင်း​ကောင်းကြားနိုင်​​လောက်​​သော အသံဖြင့်
ကျွန်​​တော့်​ ပုခုံး​ပေါ်​မေးတင်​ရင်း ​ပြောလာသည်​.....

Hey Doctor ♡ ♡ [Completed]Where stories live. Discover now