part 17

5.7K 405 2
                                    


''Baekhyun ah...''

စိတ်​ပျက်​လက်​ပျက်​အသံနှင့်​​ခေါ်လိုက်​​သော
Sehunအသံ​ကြောင့်​ ကျွန်​​တော့်​အကြည့်​​တွေ
စာအုပ်​မျက်​နှာပြင်​ဆီမှ သူ့ဆီပို့လိုက်​သည်​.......

ထင်​သည့်​အတိုင်းပင်​ ကိုယ်​​တော်​​ချောမျက်​နှာက
လမိုက်​ညလို..မည်း​မှောင်​လို့......

''ကဲ​ပြော...ဘာ​တွေအလိုမကျဖြစ်​​နေတာလဲ......''

ကျွန်​​တော့်​စကားသံအဆုံး Sehun ဟူး....ခနဲ
သက်​ပြင်းရှည်​ကြီးချသည်​.....

''Baekhyun ah..မင်းသိတယ်​မလား...
မနက်​ဖြန်​ဆိုရင်​ Luhan samတို့ အတန်းဝင်​တာ​နောက်​ဆုံး​လေ....''

''Omm..အဲ့​တော့....''

''အဲ့​တော့​ကွာ...မင်းကပြဿနာမရှိ​ပေမယ့်​ ငါကပြဿနာရှိတယ်​ကွ....ငါခုထိ Hyung ကိုဖွင့်​မ​ပြောရ​သေးဘူး..ဟူး.........''

ဒုတိယ​မြောက်​သက်​ပြင်းချသံ အဆုံး
ကျွန်​​တော်​ စုတ်​သပ်​မိသည်​.....

Sehunရယ်​​လေ....ဘာ​တွေအချိန်​ဆွဲ​နေမှန်းမသိ.....
ကျွန်​​တော်​ကသာ ​ဘေးက​နေ သိသိသာသာတစ်​မျိုး
မသိမသာတစ်​ဖုံ တွန်း​နေတာ....
သူက ခုချိန်​ထိမ​ရွေ့​သေး......

Luhan samဘက်​ကလည်း
Sehunအ​ပေါ် စိတ်​ယိုင်​စပြု​နေပြီဆိုတာ
သူ​ရော ကျွန်​​တော်​​ရောအသိ.....

ဒါကို သူကိုယ်​တိုင်​က ဘာကို တွန့်​ဆုတ်​​နေမှန်းမသိတာ
ခုဆို သင်​တန်းကာလ ၃လပြည့်​ဖို့ ၁ရက်​ပဲလို​တော့သည့်​အချိန်​​တောင်​​ရောက်​လာ​ချေပြီ.....

''​သေ​လေ....​ဘေးက​နေ ဒီ​လောက်​တွန်း​ပေး​နေတာ​တောင်​ ​ရွေ့​အောင်​မသွားနိုင်​တာ ဘယ်​သူလဲ....
ငိုချင်းလာမချနဲ့.....မသနားဘူး....''

ကျွန်​​တော့်​အား​ပေးသံအဆုံး နှုတ်​ခမ်း ၁​တောင်​​လောက်​ဆူကာ ကျွန်​​တော့်​ကို မျက်​​စောင်းထိုးသည်​.....

''မင်းကလည်းကွာ.....
ကူညီပါ...​နော်​....''

Aegyo​တွေသုံးကာ ပတ်​ချွဲနှပ်​ချွဲလုပ်​​နေ​သော
Oh Sehunဆိုသည့်​လူအား
စိတ်​ရှိတိုင်းသာဆို နားရွက်​က​နေဆွဲပြီး
ကောက်​​နေ​သော ဖင်​အား ပိတ်​ကန်​ပစ်​ချင်​​နေသည်​.....😒😒😒

Hey Doctor ♡ ♡ [Completed]Where stories live. Discover now