~~19~~

5.5K 444 8
                                    

စိတ်​လှုပ်​ရှားမှု​ကြောင့်​ တုန်​ယင်​​နေ​သော ​ခြေတို့ကို ​ခွေမကျ​အောင်​ အနိုင်​နိုင်​ ထိန်းကာ
သူရှိရာ အခန်းဘက်​ အမြန်​ဆုံး​ပြေးလာခဲ့သည်​.......

''သွား....ထွက်​သွားပါ...​ကျေးဇူးပြုပြီး...
မင်းထင်​သလိုမဟုတ်​ပါဘူး....ငါ..မင်းထင်​သလိုလုပ်​ခဲ့တာမဟုတ်​ပါဘူး.....​ကျေးဇူးပြုပြီး ထွက်​သွားပါ...!!! ''

အခန်းဝက ကြားလိုက်​ရ​သော အသံစူးစူး​ကြောင့်
ဝင်​အံ့ဆဲဆဲ​ခြေလှမ်းတို့အလိုလို ရပ်​သွားရသလို
ဒေါသကလည်း ​ထောင်းခနဲ.....

ကျွန်​​တော့်​ချစ်​သူကို ဘယ်​သူကများ ​ဒေါသထွက်​​အောင်​လုပ်​​နေတာလဲ....
နေမ​ကောင်း​သေးတဲ့ က​လေးကို
ဘယ်​အကုသိုလ်​​ကောင်​ကများ ဒီ​လောက်​ထိ ​ဒေါသထွက်​​အောင်​ လုပ်​ရတာလဲ.....

အခန်းတံခါးအား ဆတ်​ခနဲ ဆွဲဖွင့်​ကာ
ဘယ်​သူမှန်းမသိ​သေး​သော ထိုလူအား
ရန်​​တွေ့မည်​ပြုလိုက်​​သော်​လည်း...

မြင်​လိုက်​ရ​သော မြင်​ကွင်းက
ကျွန်​​တော့်​ကို အံ့သြမင်​သက်​​စေသည်​........

Baekhyun​ရယ်​​လေ.....

ဘယ်​သူမှရှိမ​နေ​သော အခန်း​ထောင့်​တစ်​​နေရာကို
အခန်းထဲက ပစ္စည်း​တွေနဲ့​ကောက်​​ပေါက်​​နေတာ.....

မျက်​ရည်​​တွေနှင့်​ သူ့မျက်​နှာ​လေးသည်​...
နီရဲ​နေသည်​မှာ မြင်​မ​ကောင်း.....

အခုမှ သတိရခါစ လူတစ်​​ယောက်​က
ဘာမှမရှိ​သော နံရံကို အနားမှရှိသမျှပစ္စည်း​တွေနဲ့
ကြောက်​လန့်​တကြား​ကောက်​​ပေါက်​ကာ..
ပါးစပ်​ကလည်း ထွက်​သွား​ပေးရန်​.....​တောင်းဆို​နေသည်​....

ဒီမြင်​ကွင်းက ကျွန်​​တော့်​ကို အနည်းငယ်​​တော့​သွေးပျက်​​စေသည်​........

''က​လေး.......''

ငြင်​သာစွာဖြင့်​​ခေါ်လိုက်​​သော ကျွန်​​တော့်​အသံကို
ကြား​တော့ မျက်​ရည်​များဖြင့်​ သူလှည့်​ကြည့်​သည်​....

အားကိုးရသွား​သော က​လေးတစ်​​ယောက်​သဖွယ်​...
ကုတင်​​ပေါ်မှ​ပြေးဆင်းကာ ကျွန်​​တော့်​ရင်​ခွင်​ထဲ တိုးဝင်​ငိုရှိုက်​သည်​......

Hey Doctor ♡ ♡ [Completed]Where stories live. Discover now