~18~

5.2K 407 6
                                    

Annyeong.....Long time no see...
အရမ်းကြာသွားတယ်​မလား...ဟီး..Mianhae.....

***********Hey Doctor **********

ဖျော့​တော့​လွန်း​နေ​သော မျက်​နှာ​လေးနှင့်​ ကုတင်​ထက်​နွမ်းလျစွာ လှဲ​လျောင်း​နေ​သော ကျွန်​​တော့်​​ကောင်​​လေး.........

အချစ်​ရဆုံးသူအား အခုလို ပုံစံဖြစ်​သွား​အောင်​ လုပ်​လိုက်​​သော အဓိကတရားခံက ကျွန်​​တော်​......

ကျွန်​​တော်​သာ သူ့ကိုမထားခဲ့မိလျှင်​....
ကျွန်​​တော်​သာ ဖုန်းယူလာခဲ့မိလျှင်​....
ကျွန်​​တော်​သာ ...သူ့မျက်​လုံးတို့ကို အ၀တ်​ဖြင့်​ စည်း​နှောင်​မသွားခဲ့မိလျှင်​.........

ဒီလိုအ​ခြေအ​နေ​တွေဖြစ်​လာလိမ့်​မည်​မဟုတ်​.....

ဖြူ​ဖျော့​ဖျော့​ကောင်​​လေးရဲ့ ဦး​ခေါင်းထက်​က ပတ်​တီးဖြူဖြူ​လေးက ကျွန်​​တော့်​အသုံးမကျမှုကို သက်​​သေပြု​နေသ​ယောင်​......

ချစ်​ရသူကို​တောင်​ အန္တရာယ်​ကင်း​အောင်​ မ​စောင့်​​ရှောက်​နိုင်​​သော ကျွန်​​တော်​ဟာ သိပ်​ညံ့လွန်းသူတစ်​​ယောက်​မဟုတ်​လား.....

ကျွန်​​တော်​​ပေါ့ဆခဲ့မိ၍
လွန်​ခဲ့​သော နှစ်​များတုန်းက Wu Baekhyunကို ဆုံးရှုံးခဲ့ရပြီးပြီ.....

Byun Baekhyunဆိုပါ ထပ်​ဆုံးရှုံးရမယ်​ဆိုလျှင်​.....

ကျွန်​​တော်​ တကယ်​​သေသွားလိမ့်​မည်​.......

လှဲ​လျောင်း​နေတဲ့​ကောင်​​လေးရဲ့ ဖြူဖပ်​ဖပ်​လက်​က​လေးကို ဆုပ်​ကိုင်​လိုက်​​တော့ လက်​က​လေးက ​ပျော့ဖတ်​စွာ သူ့လက်​ထဲပါလာသည်​.......

နှလုံးခုန်​စက်​က​လေးက​တော့ ခုန်​မြဲအတိုင်းခုန်​​နေဆဲ....
လွန်​ခဲ့တဲ့ ၃ရက်​တုန်းကလိုပဲ သူသည်​လည်း လှုပ်​ရှားမှုမရှိ ခုတင်​ထက်​ လှဲ​လျောင်း​နေဆဲ.....

''​ကျေးဇူးပြုပြီး နိုးထခဲ့ပါ​တော့ က​လေးရယ်​.....''

ခေါင်းငုံ့ချလိုက်​​တော့ မကုန်​ခမ်းနိုင်​​သေးသည့်​မျက်​ရည်​က ကျလာပြန်​သည်​.......

Tock tock......

''Doctor .....''

တံခါး​ခေါက်​သံနှင့်​အတူ ထွက်​​ပေါ်လာ​သော အသံ​ကြောင့်​ သူ​ခေါင်း​မော့ကာ ထွက်​ကျလုဆဲဆဲ မျက်​ရည်​တို့ကို ထိန်းသိမ်းလိုက်​သည်​......

Hey Doctor ♡ ♡ [Completed]Where stories live. Discover now