part 5

7.5K 574 0
                                    

ကျွန်​​တော်​သူ့ကို အတန်​ကြာ ပြုံးကြည့်​​နေမိပြီးမှ
တစ်​ဖက်​လှည့်​ကာ အိပ်​လိုက်​သည်​...

စောင်​ပုံထဲက ​ကောင်​​လေးရဲ့ ၀ုန်းဒိုင်းကြဲ​နေ​သောရင်​ခုန်​သံ​တွေကိုသာ ခုတင်တစ်​ဖက်​စွန်းက ​ကောင်​​လေး ကြားနိုင်​ခဲ့ရင်​......

°•°•°•°•°•°•°•°•Hey Doctor °•°•°•°•°•°•°•°•°

''၀ါး............''

ပျင်းရိစွာဖြင့်​ သန်း ရင်​ ကျွန်​​တော်​အိပ်​ရာမှ ထ ထိုင်​လိုက်​သည်​.....

ဘေးကိုတစ်​ချက်​လှည့်​ကြည့်​လိုက်​​တော့
ဟို​ပိစိ ရှိမ​နေ..စမ်းကြည့်​​တော့လဲ ​အေးစက်​​နေတဲ့
အိပ်​ရာခင်းရဲ့အထိအ​တွေ့​ကြောင့်​ သူထသွားတာကြာပြီဖြစ်​​ကြောင်းသိလိုက်​သည်​...

စော​စောစီးစီး ဘာထလုပ်​ပါလိမ့်​.....
ဘာမှလဲအလုပ်​မရှိ..ရှိ...

OMG...ဒီ​နေ့သူ့ကို ​ကျောင်းလိုက်​ပို့ရမှာပဲ...
သေစမ်း..​မေ့​နေတာ....

ပြာပြာသလဲ​ဘေးကနာရီကို ကြည့်​​တော့
၇နာရီ...
ဟူး...​တော်​ပါ​သေးရဲ့..အချိန်​မှီ​သေးလို့.....

ကမန်းကတန်းထကာ ​ရေချိုးခန်းဝင်​လိုက်​ရသည်​.....

ကျွန်​​တော်​အားလုံးပြင်​ဆင်​ပြီး၍ ​အောက်​ဆင်းသွား​တော့
မီးဖိုခန်းထဲမှာ မနက်​စာပြင်​​နေ​သော ပိစိအား​တွေ့ရသည်​....

ဖင်​​လေး တလှုပ်​လှုပ်​နဲ့ သီချင်းညည်းရင်း
ပေါင်​မုန့်​ကို ယိုသုတ်​​နေပုံက အသည်းယားစရာ....

ဒီက​လေးစုတ်​ ​တော်​​တော်​ချစ်​ဖို့​ကောင်းတာပဲ.....
တဖြည်းဖြည်းနဲ့ စိတ်​ထဲထင်​လာတာက
Byun Baekhyunနဲ့ Wu Baekhyunဟာ ရုပ်​မတူပါဘူးလို့.....

အမှန်​တကယ်​တန်းကျ​တော့ ​တော်​​တော့်​ကို ဆင်​တာပါ..
ဒါ​ပေမယ့်​ ကျွန်​​တော့်​စိတ်​က တူတယ်​လို့ တဖြည်းဖြည်းနဲ့ မသတ်​မှတ်​ချင်​​တော့ဘူး...
ဒီပိစိByun baek..ကျွန်​​တော့်​ရင်​ထဲတဖြည်းဖြည်း​နေရာယူလာလို့လဲပါတာ​ပေါ့... သူတို့၂​ယောက်​ကို သတ်​သတ်​စီ ခွဲမြင်​လာသလိုလို....

Hey Doctor ♡ ♡ [Completed]Tempat cerita menjadi hidup. Temukan sekarang