~21~

5.3K 394 7
                                    

''​ချောက်​ ''

တံခါးပွင့်​သွားပြီ.......

စိတ်​ကို အတတ်​နိုင်​ဆုံးတင်းကာ
တံခါးအား ဖြည်းဖြည်းချင်းစီ တွန်းဖွင့်​ပြီိး​နောက်​...

မြင်​လိုက်​ရ​သော မြင်​ကွင်းကား......

ဘေစင်​မှ နည်းနည်းချင်းစီကျ​နေ​သော​ရေစက်​များ....
ရေကျရာ အ​ပေါက်​အား ပိတ်​ထား​သော​ကြောင့်
ဘေစင်​ထဲ​ရေပြည့်​ကာ အပြင်​ကို လျှံထွက်​လာခြင်းပင်​.....

''ဟူး.....ငါအ​ကြောက်​လွန်​​နေတာပဲ....''

Baekhyunသက်​ပြင်းချကာ ​ရေသွားပိတ်​လိုက်​သည်​....

ရုတ်​တရက်​ မှန်​ထဲမှ မြင်​လိုက်​ရ​သော အရိပ်​တစ်​ခု...

''ဘယ်​သူလဲ.!!...''

ရေချိုးခန်း အနှံ့လိုက်​ကြည့်​​သော်​လည်း သက်​ရှိဟူ၍ သူမှလွဲ၍ ​ပိုးဟပ်​တစ်​​ကောင်​​တောင်​မရှိ.....

ထိုစဉ်​ စိမ့်​​အေး​အေး​​လေတစ်​ချက်​ ​ဝေ့လာကာ...
ပုခုံးမှာ လာထိ​သော ​အေးစက်​စက်​အထိအ​တွေ့....

''မင်းငါ့ကိုရှာ​နေတာလား......''

တစ်​ကိုယ်​လုံးရှိအားအင်​များ ဆွဲထုတ်​ခံလိုက်​ရသလို
လူက ​ခွေယိုင်​လဲမတတ်​ပင်​ဖြစ်​သွားရသည်​......

သို့​သော်​..Baekhyunလှည့်​မကြည့်​ဖြစ်​......

အော်​ဖို့ရန်​လည်း သတိမရ......

ပုခုံး​ပေါ်က ​အေးစက်​စက်​လက်​က သူ့ပုခုံးကို ပိုမို ဖြစ်​ညှစ်​လာ​သောအခါမှသာ

အစွမ်းကုန်​ စိတ်​ကိုတင်း၍ သူ​နောက်​လှည့်​ကြည့်​မိသည်​........

ဖြူဆုတ်​​နေ​သော မျက်​နှာနှင့်​ ပြာနှမ်း​နေ​သော နှုတ်​ခမ်းများ.......
ဦး​ခေါင်းထက်​စီမှ တတောက်​​တောက်​ကျ​နေ​သော ​ရေစက်​များ........

မျက်​ဆံမရှိ​သော မျက်​၀န်းဖြူဖြူများက​သွေးပျက်​ဖွယ်​.....

''အား..!!!!!!!!!!!!....''

''က​လေး...က​လေး...သတိထား​လေ...ကိုယ်​​လေ...
သတိထားပါဦး...''

Hey Doctor ♡ ♡ [Completed]Where stories live. Discover now