Prologue

14.8K 611 10
                                    

Zawgyi
******

ရပ်​တန့်​သွား​လေ​ရောလား။



ကျွန်​​တော့်​ ဘဝ အတွက်​ သူ။

သူ......သူ.......သူ ဆိုတာ


_______________________________

LOVE YOU ALL❤❤❤❤❤

*Nun
______________________________

Unicode
********

နာကျင်​မှုနဲ့ ဘဝများ စတင်​​စေသည်​။
အတိတ်​ရဲ့ ရိုက်​ခတ်​မှုတို့က ပြင်​းထန်​လွန်​းသည်​။
ရစရာမရှိ ကျိုးပြတ်​ခဲ့​သော ရှုံးနိမ်​့မှု ပုံရိပ်​တို့က
ဟိုတစ်​စဒီတစ်​စ ပြန်​့ကျဲလို့ရယ်​။
နာကျင်​မှုတို့ကို လမ်​းခင်​း
​ချွေးစက်​​တွေက ​မြေပြင်​​ပေါ် အလူးအလဲ။
​သွေးရည်​ ​တွေ တစ်​စက်​စက်​ ဆို့​နေတဲ့
နှလုံးသား​လေးလည်​း ပြန်​လည်​ရှင်​သန်​လို့။
အခု​တော့ ကျွန်​​တော်​တို့ဘဝ​တွေက
​ဝေးကွာခြင်​းလို့ အစပြုတဲ့ ဆုံမှတ်​တစ်​ခုအဖြစ်​
ရပ်​တန်​့သွား​လေ​ရောလား။

ခက်​ထန်​ထန်​ မုန်​တိုင်​း​တွေက ကျွန်​​တော်​တို့ ဘဝ​​တွေလောက်​ ပြင်းထန်​ပါ့မလား?
ဆူးခင်​းတဲ့ ခ​ယောင်​း လမ်​းက
ကျွန်​​တော်​့တို့​လျှောက်​ခဲ့ ရတဲ့ လမ်​း​တွေ​လောက်​
ကြမ်​းတမ်​းမှု ရှိပါ့မလား?
အားပြင်​းပြင်​း ရိုက်​ခတ်​လာတဲ့ လှိုင်​း​တွေရဲ့ဒဏ်​ကို ကြံ့ကြံ့ခံလာတဲ့ ​ကျောက်​​ဆောင်​​တွေက
​​ဘဝတစ်​ဆစ်​ချိုးမှာ ​လောကဓံရဲ့ ညင်​းပန်​းမှုကို
ခံနိုင်​ရည်​ ရှိခဲ့တဲ့ ကျွန်​​တော်​တို့ကို မှီပါ့မလား?

​မျှော်လင့်​​ချက်​မဲ့ လမ်​း​ပေါ်ကို ​ယုံကြည်ချက်​​တစ်​ခုနှင်​့ ​လျှောက်​လှမ်​းခဲ့သည်​။
​ရှေ့ကို ကြိုမမြင်​နိုင်​တဲ့ အနာဂတ်​အတွက်​
ကိုယ်​တိုင်​ ပုံပန်​းချီ ​ရေးဆွဲခဲ့သည်​။
ကျွန်​​တော်​တို့ အနာဂတ်​ ကို ကျွန်​​တော်​တို့ကိုယ်​တိုင်​ စီရင်​သည်​။

ကျွန်​​တော်​ သိပ်​ချစ်​ရပါ​သော သူ။
ကျွန်​​တော်​ တန်​ဖိုးထားလွန်​း​သော သူ။
ကျွန်​​တော်​့ ဘဝ အတွက်​ သူ။
ကျွန်​​တော်​့ ရဲ့ ရပ်​တည်​မှုက သူ။
ကျွန်​​တော်​့ ဘဝကို စတင်​​စေခဲ့​သော သူ။
ကျွန်​​တော်​့ နားမှာ မရှိ​တော့တဲ့ သူ။
ကျွန်​​တော်​ကိုယ်​တိုင်​ ခွင်​့ပြုစွာ နှင်​လွှတ်​လိုက်​​ရသော သူ။

သူ......သူ.......သူ ဆိုတာ

ကျွန်​​တော်​့ရဲ့ ထာဝရနတ်​ဘုရား။

_______________________________

LOVE YOU ALL❤❤❤❤❤

*Nun

Please Stay...Until [Completed]حيث تعيش القصص. اكتشف الآن