End[Final]

6.4K 448 117
                                    

အချစ်​ရယ်​ ​ဝေးကွာခြင်းဆိုတာ ​ပြောရတဲ့အခါ
လွယ်​လွန်း​ပေမယ့်​ ခံစားရတာ ​သေမတတ်​ပဲ။
နောက်​ဆုံးဆိုတာ စကားလုံး နှစ်​လုံးတည်းပါ
ဒါ​ပေမယ့်​ အရာရာကို ဆုံးရှုံးလိုက်​ရသလို
ရင်​ထဲမှာ မချိဘူး ​ကောင်​​လေး။
ဆေးရုံခုတင်​​ပေါ်မှာ အိပ်​​ပျော်​​နေတဲ့ ​ကောင်​​လေးကိုကြည့်​​နေရတာ ရင်​ထဲမှာ ​ဆွေး​မြေ့​မြေ့။ တစ်ုခုကို ဆုံးရှုံးရ​တော့မည့်​ ခံစားချက်​မျိုး​တွေ။
နာကျင်​ရင်း အိပ်​​​နေတဲ့ သူ အိပ်​မက်​​တွေထဲ
ကြယ်​​တွေနဲ့ ​ပျော်​ပါ​စေ​လေ။
ချစ်​လွန်းလို့လဲ ​ပေါင်းဖက်​ခွင့်​မှ မရှိဘဲ​လေ။
ကိုတို့က ကံဆိုးစွာ ​မွေးဖွားလာတဲ့လူသား​တွေပါ
Jimin။ ​နောက်​ဘ၀အတွက်​​တော့ ​ကောင်းတာ​တွေလုပ်​ဖို့ စဉ်းစားထားတယ်​။
ကောင်​​လေးနဲ့ ထပ်​ပြီး ချစ်​နိုင်​​အောင်​လို့။

ဆေးပိုက်​​တွေတန်းလန်းနဲ့ လူနာ​လေးကို ​ဘေးနားက ကြည့်​​နေရတဲ့ ချစ်​ရသူရဲ့ ခံစားချက်​ကို မမြင်​ဘူးလား ​ကောင်​​လေး။
ဒီမှာ ​ကြေကွဲလွန်းလို့ တစ်​စစီပြန့်​ကျဲ​နေပြီ။
တစ်​ချက်​တစ်​ချက်​ အသက်​ရှူကျပ်​လို့ ​အောက်​စီဂျင်​​ပိုက်​​တွေနဲ့ အသက်​လုရှူရတဲ့အခါ
ကို့ခန္ဓာထဲက ​လေ​တွေကို ပိုက်​နဲ့တွယ်​ပြီး ​ကောင်​​လေးကို သက်​သက်​သာသာ ရှူခိုင်​​စေချင်​တယ်​။ ပိုပြီးသက်​​သာ​အောင်​ အသက်​ကို​တောင်​ ကူပြီး ရှူ​ပေးချင်​တယ်​။
အခုချိန်​မှာ​လေ ဖန်​ဆင်းခွင့်​တစ်​ခုရမယ်​ဆို
အရင်​ချိန်​က Park Jimin ကိုပဲ ဖန်​တီးမယ်​။

"Sugar"

"အင်း...ဘာလိုလို့လဲ Jimin"

အားမရှိအင်​မရှိ ​ဖျော့​တော့​နေတဲ့ ​ခေါ်သံ​လေးက
ခုချိန်​ထိ နားထဲမှာ ချိုမြန်​​နေတုန်း။
ပြုံးပြ​နေတဲ့ အပြုံး​တွေမှာ ဟန်​​ဆောင်​မှု​တွေပါတယ်​။ ​ကောင်​​လေးရယ်​ နာကျင်​​နေရဲ့သားနဲ့။ သူ ​ကြောက်​ရွံ့​နေတယ်​။
ကျွန်​​တော်​မရှိတဲ့ ဒီလမ်းထဲမှာ သူတစ်​​ယောက်​ထဲ လမ်း​ပျောက်​ရင်း ငို​နေတဲ့အခါ အနားမှာ မရှိ​​ပေးနိုင်​​တော့တဲ့အတွက်​ ​တောင်းပန်​ပါရ​စေ ​ကောင်​​လေးရယ်​။

Please Stay...Until [Completed]Where stories live. Discover now