Me

2.5K 255 14
                                    


ဒီ​နေ့က ကျွန်​​တော့်​ ​ဆေးစစ်​ချက်​ သွားယူရမယ့်​ နှစ်​ရက်​​မြောက်​​နေ့။
ဘာလို့လည်းမသိ ကျွန်​​တော်​ ရင်​​တွေခုန်​​နေတယ်။
အ​ကြောင်းအရင်း မရှိပါဘဲ ကျွန်​​တော်​ ငိုချင်​တယ်​။ ၀မ်းနည်း​နေတယ်​။
ကျွန်​​တော်​ ​ကြောက်​​နေတယ်​။ ​ဘေးနားမှာ တစ်​စုံတစ်​​ယောက်​မှ မပါဘဲ အခန်းထဲဝင်​​တော့
ထိုင်​ခုံမှာ ထိုင်​​နေတဲ့ ဆရာဝန်​က မျက်​နှာမ​ကောင်း။ ကျွန်​​တော့်​ကို ​တွေ့​တော့ ပိုဆိုးတယ်​။ မျက်​နှာက ထိန်းမရနိုင်​​အောင်
ပျက်​​နေတယ်​​လေ။
သူ့လက်​ထဲက ​ဆေးစစ်​ချက်​မှတ်​တမ်း ​တွေလို့ ထင်​ရတဲ့ စာရွက်​​တွေကို ကိုင်​ထားတယ်​။

"ထိုင်​ပါအုံး....အုပ်​ထိန်းသူ မပါဘူးလား"

"ကျွန်​​တော်​က တစ်​​ယောက်​တည်း​နေတာပါ"

ဆရာဝန်​က မျက်​နှာ​အောက်​ချကာ ​ပြောသင့်​မ​ပြောသင့်​ကို ​စဉ်းစား​နေသည်​။

"ဆရာ...အားမနာပါနဲ့ ရလဒ်​ကို ​ပြောပြ​ပေးပါ
ကျွန်​​တော်​...ခံနိုင်​ရည်​ရှိပါတယ်​"

"Jimin က အခု အသည်းကင်​ဆာ ဖြစ်​​နေပြီ
အဆင့်​၎ဆင့်​ ရှိတဲ့ထဲက ၂ဆင့်​​မြောက်​​ရောက်​ ​နေပြီ"

ကျွန်​​တော်​က အသည်းကင်​ဆာ ဖြစ်​​နေပြီ။
အခုက ကျွန်​​တော်​က ကင်​ဆာ​ရောဂါသည်​။
ခနတဖြုတ်​ဆို ​သေသွားနိုင်​တဲ့ အ​ခြေအ​နေ။
ဒီထက်​အဆင့်​တက်​ရင်​ ဒီထက်​မက နာကျင်​ရမယ်​။

"ဒီအဆင့်​က ကုလို့ရ​သေးလား ဆရာ"

"ကျွန်​​တော်​တို့ ကြိုးစားမှာပါ အခုက စပြီး အ​နေထိုင်​ အစားအ​သောက်​ ဆင်​ခြင်​ပါ
ဖြစ်​နိုင်​ရင်​ အသုံးအ​ဆောင်​ ပစ္စည်း​တွေကို တစ်​​ယောက်​တည်း သက်​သက်​သုံး​စေချင်​တယ်
Jimin က တစ်​​ယောက်​တည်းသမားဆို​တော့
ပွင့်​ပွင့်​လင်းလင်း ​ပြောပြတာပါ"

"​ကျေးဇူးပါဆရာ....ဒါ​ပေမယ့်​​လေ ဒီထက်​ အဆင့်​တက်​လာရင်​..."

"ဒီလိုအားမရှိတဲ့စကားမ​ပြောပါနဲ့ဗျာ ကျွန်​​တော်​တို့ ကြိုးစားပါ့မယ်​"

Please Stay...Until [Completed]Where stories live. Discover now