That

2.6K 265 11
                                    


နာကျင်​တယ်​ အရမ်းကို နာကျင်​တယ်​။
ဝမ်းဗိုက်​တစ်​​လျှောက်​ တဆစ်​ဆစ်​နဲ့ကို နာ​နေတာ။ ပင်​ပန်း​နေတဲ့ သူ့ကို မ​ပြောရက်​တာနဲ့
တစ်​​ယောက်​ထဲ ကြိတ်​​ခံစား​နေလိုက်​တယ်​။
ခန​လေးပဲ နာမှာပါ​လေ။ မနက်​​ရောက်​ရင်​ ​ပျောက်​သွားမှာပါ။
ကားမှတ်​တိုင်​မှာ သူ့ပုခုံး​ပေါ် မှီအိပ်​ရင်း နာကျင်​မှု​တွေကို ခနတာ ဥပ​က္ခောပြု​လိုက်​သည်​။
တစ်​ချက်​တစ်​ချက်​ ​အောင့်​​အောင့်​လာတဲ့ ၀မ်းဗိုက်​ရဲ့ ဘယ်​​နေကာမှန်းမသိတဲ့ ​နေရာကို ဖိနှိပ်​ထားသည်​။ နာလွန်းလို့ ​ချွေး​တောင်​ဆို့​နေပြီ။
လက်​​တွေလည်း ​အေးစက်​လို့​နေပြီ။
သူ​တောင်​ ကျွန်​​တော့်​ကို ​ပြော​နေ​သေးတယ်​။
"Jimin က ပူတတ်​လိုက်​တာ" တဲ့။
ဒါ​ပေမယ့်​​လေ ဒီနာကျင်​မှု​တွေက ခနတာ မဟုတ်​ဘူးဆိုတာ သိနှင့်​​နေသလို။
ဒီတစ်​ည​တော့ ကျွန်​​တော်​ အိပ်​​ပျော်​​အောင်​ အိပ်​ရအုံးမယ်​။ မနက်​​ရောက်​မှ ​နေ​ပြန်​​ကောင်းမယ်​မလား။

မနက်​ အိပ်​ရာနိုး​တော့ မ​နေ့က အကို​က်​အခဲ ​ပျောက်​​ဆေး​ကြောင့်​လား​တော့ မသိ။ ဗိုက်​နာ​နေတာ​လေး ​ပျောက်​သွားပါပြီ။
ရေချိုးခန်းထဲ ၀င်​​ပြီး ​ဘေစင်​မှာ မျက်​နှာသစ်​ရင်း မှန်​ထဲ ကြည့်​မိ​တော့ သိသိသာသာ ခုတ​လော
ကျွန်​​တော့်​ နှုတ်​ခမ်း​တွေ ညို​နေသည်​။ အရင်​ကဆို အ​ရောင်​​တွေ တင်​မထားပါဘဲ
နီရဲ​နေတတ်​ပါတယ်​။

သူက​ အိပ်​​နေတုန်းဆို​တော့ မနှိုးချင်​တာနဲ့
အိမ်​​​အောက်​ဘက်​ဆင်းပြီး လမ်းထွက်​​လျှောက်​ဖြစ်​သည်​။ နံနက်​ခင်း​လေးက
သာယာပါတယ်​။ တက်​တက်​ကြွကြွ လမ်းတစ်​ပတ်​ ​လျှောက်​ပြီး ပြန်​လာ​တော့
ထိုင်​ခုံမှာ ငုတ်​တုတ်​ကြီး ထိုင်​​နေတဲ့ Sugar။

"Sugar နိုးပြီလား ကျွန်​​တော်​​တောက်​ လမ်းသွား​လျှောက်​ပြီးပြီ"

"..........."

"ဘာဖြစ်​​နေတာလဲ"

ဘယ်​လို ​ပြော​ပြော စကားတစ်​ခွန်း​တောင်​ ပြန်​မ​ပြောတဲ့ သူက နှုတ်​ခမ်းကြီး စူလို့။
က​လေးလည်း မဟုတ်​ဘဲနဲ့။

Please Stay...Until [Completed]Where stories live. Discover now