There

2.5K 247 19
                                    


 လူ​တွေမြတ်​မြတ်​နိုးနိုးသမှုတ်​တဲ့ အချစ်​ဆိုတဲ့အရာ။ ရက်​စက်​တတ်​တဲ့ ကြင်​နာမှု။
ကြမ်းတမ်းလွန်းတဲ့ နူးညံ့ခြင်း။
အရသာမရှိတဲ့ ​ရေလိုပဲ။ ကျွန်​​တော်​တို့အ​ကြောင်း ​တွေးမယ်​ဆို အချစ်​ဆိုတာ ဆက်​နွယ်​မှု​လေးတစ်​ခု။ တစ်​​ယောက်​နှလုံးသားကို တစ်​​ယောက်​ ချည်​​နှောင်​ခဲ့တဲ့ကြိုး။ ကျွန်​​တော်​တို့ နှလုံးသားပြတင်း​ပေါက်​ကို ဖွင့်​ပြီး တစ်​​ယောက်​နဲ့ တစ်​​ယောက်​မြင်​ခဲ့တယ်​။ ကျွန်​​တော်​တို့ချစ်​ကြတယ်​။ ​နောက်​ဆုံးကျ လမ်းခွဲရမယ်​။ ကျွန်​​တော်​တို့က ဆွဲရာပန်းချီကားထဲက သက်​ရှိလူသားနှစ်​ဦး။
အ​ပေးဆပ်​ခံလူသား​တွေဆို ပိုမှန်​လိ​မ့်​မယ်​။

ကျွန်​​တော်​ သူ့လက်​​လေးကို ယုယုယယ ဆုပ်​ကိုင်​ထားချင်​တယ်​။ သူထွက်​မသွားခင်​ထိ။
သူ့ကိုရင်​ခွင်​ထဲမှာ အသက်​ရှူကြပ်​မတတ်​ ဖက်​ထားချင်​​သေးတယ်​။ မ​ဝေးကွာခင်​ထိ။
သူ့နှုတ်​ခမ်း​တွေရဲ့ ခပ်​​နွေး​နွေးအရသာကို ထိ​တွေ့ထားချင်​​သေးတယ်​။ အနားနားကို ပြန်​မလာ​တော့မယ့်​ ခရီးကို သူမသွားခင်​ထိ။
လက်​တွဲပြီး​လျှောက်​မယ်​ဆိုတဲ့ ဒီခရီးလမ်းမှာ ​ကောင်​​လေးက ဒဏ်​ရာ​တွေနဲ့ ထားသွားမှာ။
ခွင့်​လွှတ်​ပါတယ်​ ဒီဘ၀က ​ပျော်​ရွှင်​စရာမရှိလို့
နောက်​မှ ပြန်​​တွေ့မယ်​ကွာ။ ဒီထက်​ ပြည့်​စုံတဲ့ ဘ၀​တွေနဲ့မှ​ပေါ့။

"Sugar ထ​တော့​လေ "

ဒီအသံ​လေးကို ကြားချင်​လွန်းလို့ ကျွန်​​တော်​ အသံသွင်းထားရမလား။
ကျွန်​​တော်​ မငိုပါဘူး။ သူဝမ်းနည်းမှာစိုးလို့။
ဒီ​နေ့​လေးက သူ့အ​တွက်​ အ​ကောင်းဆုံး​လေး ဖြစ်​​စေမှာမို့။
တစ်​ရက်​​လောက်​​တော့ အကုန်​လုံးကို​မေ့ပြီး ​ပျော်​​စေချင်​လွန်းလို့။ အနားမှာ ရှိ​နေတုန်း ​ပြုံး​နေတာ​လေးပဲ မြင်​ချင်​လို့။

"အင်း......popo ​ပေးရင်​ ထမယ်​"

ပါးကြီးကို​ဖောင်း​ပေးထား​တော့ မွခနဲ သူ့နှုတ်​ခမ်း​လေး။ ​နွေးလွန်းတယ်​ ​ကောင်​​လေး။
မင်း နှုတ်​ခမ်း​လေးကို သိပ်​ကြိုက်​တာ။
ငါ လွမ်း​နေရ​တော့မှာ ဒီအနမ်း​တွေ ဒီနှုတ်​​ခမ်း​တွေ။ ချစ်​တယ်​ အရမ်းအရမ်းကို ချစ်​တယ်​။ ငါတို့နှစ်​​ယောက်​ချစ်​ခဲ့ကြတာ ခနတာ​လေးဆိုလည်း ဒီအချိန်​​တွေကို ကိုးကွယ်​မယ်​။ ဖြစ်​နိုင်​မယ်​ဆို ရပ်​တန့်​ပစ်​မယ်​။
ကိုယ့်​အ​ရှေ့က အရုပ်​​လေးလို ဖြူစင်​​နေတဲ့ ​ကောင်​​လေးကို ဆံပင်​​တွေဖြူ ပါးရည်​နှာရည်​​တွေ တွန့်​လိမ့်​သွားတဲ့ထိ ထိုင်​ကြည့်​​နေချင်​တာ။
ကို ​​နောင်​တရမိတယ်​ ​ကောင်​​လေး။ ​မှော်​ဆရာကြီး မဖြစ်​ခဲ့ရတာကို​ပေါ့။

Please Stay...Until [Completed]Where stories live. Discover now