့"Jimin ဒီိမှာကြည့်"
ကျွန်တော့် အရှေ့ကသူ ဖယ်ပြီး ရှေ့တည့်တည့်က ကောင်းကင်ကြီးဆီ ညွှန်ပြသည်။ ကြယ်တွေ အများကြီးပဲ။
"အရမ်းလှတယ် Sugar"
"အင်း....Jimin"
သူ့ရဲ့ခေါ်သံအဆုံးမှာ သူကျွန်တော့်ကို နမ်းတယ်။ ဒါပေမယ့်လေ ကျွန်တော် ခံစားလို့မရဘူး။ သူ့နှုတ်ခမ်းရဲ့ ချိုမြန်မှု။
တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ အနမ်းတွေ ဝေးကွာသွားတယ်။
ကျွန်တော်သူနဲ့ ဝေးနေပြီ။ သူ ကျွန်တော့်လက်ကို
အတင်းကာရော လိုက်ဆွဲတယ်။
သူ ကျွန်တော့်ရဲ့ အဝေးဆုံးမှာ ကျန်ခဲ့ပြီ။"Sugar!!!"
ကျွန်တော့်ရဲ့ အနာဂတ်ဆိုးကို အိပ်မက်အဖြစ်
မက်နေခဲ့တာပါလား။
ကျွန်တော့်အသံကို မကြားပဲ အိပ်မောကျနေသော သူက ဘေးနားမှာ။
ကျွန်တော့်ကိုလည်း ဖက်ထားတယ်။
ကျွန်တော် ခဗျားကြီးကို ဘယ်လိုထားခဲ့ရမှာလဲ။
အဲ့လိုတွေ မရစ်ပတ်ထားပါနဲ့။ ကျွန်တော် ထွက်မသွားနိုင်ဘူးနော်။ ဒါပေမယ့်လည်း ကျွန်တော်စီရင်နိုင်တဲ့ လမ်းမဟုတ်တော့လည်း ပို့ရာလမ်းထဲ ဆက်လျှောက်ရုံပေါ့။
သူ့ဆံပင်လေးကို သပ်လိုက်ရင်း နဖူးလေးကို ဖွဖွလေးနမ်းကာ သူ့ရင်ခွင်ထဲ ပိုလို့တိုးဝှေ့လိုက်သည်။ ဒီလိုလေး ဆက်နေချင်သေးတယ်။
ဒါမှမဟုတ် ဒီအချိန်လေးကိုပဲ ရပ်တန့်ထားချင်တယ်။-------
"Jimin အစားအသောက်တွေ ရှောင်ရဲ့လား"
ဆရာဝန်ရဲ့ အမေးက ကျွန်တော့်အတွက် ဖြေစရာအဖြေမှ မရှိဘဲလေ။
"ကျွန်တော်ပြောထားတာတွေရော မှတ်မိရဲ့လား
အကုန်လုံးကို ဆင်ခြင်မှ အဆင်ပြေမှာနော်
ဒီလိုထပ်လုပ်နေမယ်ဆို ကုသဖို့ ခက်ခဲလိမ့်မယ်
ပြီးတော့.........ရောဂါအဆင့်က တက်ချင်နေပြီ""ဟုတ်ကဲ့........ကျွန်တော် ကြိုးစားပါ့မယ်
ဒါနဲ့.....ကျွန်တော် သေခါနီးဆို ပြောအုံးနော်
လုပ်စရာတွေ ရှိလို့ပါ"
![](https://img.wattpad.com/cover/100225453-288-k233936.jpg)
YOU ARE READING
Please Stay...Until [Completed]
Fanfictionအိပ်မက်ထဲထိ ကျွန်တော်မျက်ရည်မကျအောင် ကောင်လေး မကုစားပေးနိုင်ခဲ့ဘူး။ ဟုတ်တယ်....ကောင်လေး မင်း ရက်စက်ခဲ့တယ်။ YoonMin [Yaoi] By:KimTae_Nun