မျက်စိတစ်မှိတ်မှာ အကုန်ပြောင်းလဲကုန်ပြီနော်။
မိုးရာသီတောင် ကုန်ဆုံးတော့မယ်။
မိုးကိုချစ်တဲ့ ကျွန်တော်လည်း မိုးရာသီမှာပဲ ကုန်ဆုံးသွားမလား။ မကြာခင်မှာ နှင်းပွင့်လေးတွေလည်း ကျလာတော့မယ်။
ပထမဆုံးနှင်းကျတဲ့နေ့မှာ နှင်းဖတ်နှင်းပွင့်လေးတွေကို မြင်နိုင်ပါအုံးမလား။
မသေချာဘူးနော်။ မရဏတံခါးဆိုတာ ကျွန်တော့်အတွက် ခြေတစ်လှမ်းမှာ။
ကွေးထားတဲ့လက်ကလေး မဆန့်ခင်မှာ ဒီလောကကြီးထဲက ထွက်သွားချင် ထွက်သွားရမယ်လေ။ မနက်ဖြန်ဆိုတာလည်း ကျွန်တော့်အတွက် အဝေးကြီးပါပဲ။
လာမယ့် တစ်စက္ကန့်က နှုတ်ဆက်ချိန်လေးပဲ ဖြစ်နေမလားလေ။အချိန်ဆိုတာ အရာအားလုံးကို တိုက်စားနိုင်ရဲ့။
ကုန်လွန်ခဲ့တဲ့ နေ့ရက်တွေကို စဉ်းစားမိတိုင်း
အသဲခိုက်မတတ် နာကျင်ရတယ်။
ကျွန်တော်ဆိုတာ အချိန်အကန့်အသတ်နဲ့ အသက်ရှင်နေထိုင်နေတဲ့ လူတန်းစားတစ်မျိုးမို့။
ဆရာဝန်တွေပြောတဲ့ ၆ လဆိုတာ ၆နာရီ သာသာလေးပါ။ မြန်ဆန်လွန်းတဲ့ အချိန်နာရီတွေကို တခါတလေ မုန်းမိတယ်။
အခုဆို ၅ လနီးပါးဖြတ်သန်းပြီးသွားပြီ။
ကျန်တဲ့ရက်တွေမှာ ကျွန်တော် အတိအကျ ရှင်သန်မယ်လို့ အာမခံမရှိထားဘူး။
ရုတ်တရက်ထွက်ခွာသွားမိရင် ဆိုတဲ့အတွေးလေး တချို့အတွက် ဒိုင်ယာရီစာအုပ်လေးထဲမှာ တစ်ဦးတည်းသော သူ အတွက် အချစ်လေးတွေ ချန်ထားခဲ့တယ်။
ကျွန်တော် မရှိတော့တဲ့အချိန် ပြန်မလာတော့တဲ့ နှုတ်ဆက်ချိန်မှာ သူ ဆက်ပြီး ပျော်ရွှင်ဖို့။ထားသွားတဲ့သူနဲ့ ကျန်ခဲ့သူမှာ ဘယ်သူပိုနာကျင်လဲလို့ မေးမိမှာပေါ့။ တကယ်ဆို အတူတူပဲ ဒဏ်ရာကိုယ်စီနဲ့ပါ။
သေရတော့မယ်လို့ သိနှင့်ပြီးသား လူတစ်ယောက်မှာ ပျော်ရွှင်မှုဆိုတာ မရှိတော့။
စောင့်ဆိုင်းမှုဆိုတာလည်း သေမင်းလာချိန်ပဲ။
ဘယ်တော့လောက် လာခေါ်မလဲပေါ့။
ခန္ဓာကိုယ်က နာကျင်ရတာထက် အသဲနှလုံးက နာကျင်မှုက ဒဏ်ရာပိုနက်ပါတယ်။
ကျွန်တော်သာ မရှိတော့ရင် အရင်လို နှလုံးသားမရှိတော့တဲ့ အေးစက်စက် လူတစ်ယောက်လို Yoongi နေပြန်လိမ့်မယ်။
ညကြီးမိုးချုပ် အလုပ်တွေလုပ်ရင်း ညစာ မစားပဲနေလိမ့်မယ်။ မနက်စာကိုလည်း စားမှာမဟုတ်ဘူး။ မိုးရွာရင်လဲ ထီးမဆောင်းဘဲ
မိုးရေထဲမှာ သူပြေးလွှားနေအုံးမှာ။
မိုးရေတွေကြောင့် အအေးမိပြီး နေမကောင်းဖြစ်မှာ။ အဲ့ချိန်ကျ ဘေးနားမှာ ပြုစုပေးဖို့် ကျွန်တော်မှ မရှိတော့ဘဲလေ။
သူ နေကောင်းအောင်နေဖို့် ပြောရအုံးမယ်။
YOU ARE READING
Please Stay...Until [Completed]
Fanfictionအိပ်မက်ထဲထိ ကျွန်တော်မျက်ရည်မကျအောင် ကောင်လေး မကုစားပေးနိုင်ခဲ့ဘူး။ ဟုတ်တယ်....ကောင်လေး မင်း ရက်စက်ခဲ့တယ်။ YoonMin [Yaoi] By:KimTae_Nun