Zawgyi
******စွန့်ပစ်ဖို့တွေးမိခဲ့ရင် ကျွန်တော်ရူးခဲ့တာ။
စွန့်လွှတ်ဖို့စဉ်းစားမိရင် ကျွန်တော်စွဲလမ်းခဲ့တာ။
ထွက်ခွာဖို့ကြိုးစားမိရင် ကျွန်တော်ဆွံ့အခဲ့တာ။
မချစ်ခဲ့သင့်ဘူးလို့ ဦးနှောက်ကြီးက ပြောမိခဲ့ရင်
ကျွန်တော့်နှလုံးသားကို ကိုယ်တိုင် ဥပေက္ခာပြုခဲ့တာ။
သို့သော်လည်း ခွင့်မပြုတဲ့ မသိစိတ်တွေက
ဆွဲဆောင်ပြီး နှလုံးသားရှေ့တည့်တည့်မှာ
ဒူးထောက်ဆိုလည်း အမိန့်တွေကို နာခံပြီး
သူ့ရှေ့မှာ ခေါင်းတောင်မော်မကြည့်ဘဲ ဦးစိုက်လို့နေပါ့မယ်။
ဘယ်အရာကိုမှ ခေါင်းငုံ့မခံတတ်တဲ့ လူသားဟာ
အခုတော့ သူ့နှလုံးသားကို သူကိုယ်တိုင်လက်မြှောက် အရှုံးပေးခဲ့ပြီ။
ဒါဘာကြောင့်လဲ.....ကောင်လေး မင်းကြောင့်မို့။"Jimin ကို သွားစရာ ရှိလို့ လိုက်ခဲ့မလား"
"အနှောက်အယှက် မဖြစ်ဘူးဆိုရင်တော့
လိုက်ခဲ့မယ်လေ"ကောင်လေး စကားသိပ်ပြောတတ်တယ်။
ုဒါမို့်လဲ ချစ်တာပေါ့။ ကျွန်တော် ကမ္ဘာကြီးဆီက
ကတိတစ်ခုလောက်တော့ တောင်းချင်တယ်။
ကောင်လေးကို အဝေးသို့ မခေါ်သွားဖို့။
ကျွန်တော်ကိုယ်တိုင် ကောင်လေးမရှိရာသို့
ပြေးထွက်မသွားဖို့။
ဒါပေမယ့်လေ ကံတရားရဲ့အလိုကို လိုက်ရတဲ့
ဒီကမ္ဘာကြီးက ကတိမပေးနိုင်ခဲ့ပါဘူး။
သူ့ရဲ့အားနည်းချက်က နှလုံးသားလှလှနဲ့ လူတွေကို အကာအကွယ်မဲ့စေတာ။
ယုံကြယ်ခဲ့တယ် ကောင်လေးကို ကျွန်တော် ကာကွယ်နိုင်ခဲ့မယ်ပေါ့။
အရာမထင်ခဲ့တဲ့ ယုံကြည်မှုက ယုံချက်စရာမရှိတော့တောင် ယုံကြည်နေချင်သေးတယ်။"သွားစရာရှိတယ်ဆိုပြီး studio ကိုခေါ်ခဲ့တာလား"
စားပွဲပေါ်မှ ပစ္စည်းတချို့ကို ထိလိုက်ကိုင်လိုက်နှင့် စိတ်ပျက်စွာ ညည်းငြူနေသော ကောင်လေးကို ကျွန်တော့်နားသို့ ခေါ်ထိုင်စေလိုက်သည်။
YOU ARE READING
Please Stay...Until [Completed]
Fanfictionအိပ်မက်ထဲထိ ကျွန်တော်မျက်ရည်မကျအောင် ကောင်လေး မကုစားပေးနိုင်ခဲ့ဘူး။ ဟုတ်တယ်....ကောင်လေး မင်း ရက်စက်ခဲ့တယ်။ YoonMin [Yaoi] By:KimTae_Nun