We

5.5K 441 11
                                    

Zawgyi
******

တိမ်​မြှုပ်​သွားတဲ့ ​​လှေငယ်​​လေးကို ​ဖော်​​ဆောင်​နိုင်​သူ လာခဲ့​ပေးပါလား။
ပင်​လယ်​ပြာပြာရဲ့ ​အေးစက်​မှုကို အံမတုနိုင်​တဲ့
လူသားငယ်​ကို ​နွေး​ထွေးမှု​လေး ​ပေးလှည့်​ပါ။
အေးစက်​စက်​ အထိအ​တွေ့​တွေနဲ့ မ​နေချင်​ပြန်​ဘူး​လေ။ ​ကောင်​​လေးက ​နွေး​နွေး​လေး ​ပွေ့ဖက်​​ပေးရုံ ​ကျေနပ်​ပါတယ်​။
လေ​တွေကလည်း မညှာမတာ တိုက်​​နေကြပြီ။
သစ်​ရွက်​နုနု​တွေ​ပေါ် ငါ့နာမည်​​လေး ​ရေးချင်​တယ်​ဆို။
ပုံပြင်​​တွေ​ပြော​ကောင်းခဲ့တာလား ​ကောင်​​လေး။
ကြယ်​​တွေ​ကြွေတိုင်း မင်း​တောင်းခဲ့တဲ့ဆု
တစ်​သက်​လုံး ဒီ Sugar ကြီး နဲ့ပဲ ​နေမယ်​ဆို။
အခု​တော့ တစ်​​ယောက်​ထဲ ​နေရစ်​ပါတဲ့လား။
ချစ်​လွန်းလို့ ထားရစ်​တဲ့သူကို ဘယ်​​လောက်​ကြာကြာ ဆွဲထားနိုင်​မှာမို့လဲ။
သူ ​ပျော်​သ​လောက်​​သာ ​​ဘေးနားမှာ ထားရုံ​လေး​လေ။တကယ်​ဆို​လေ တစ်​သက်​လုံး
အနားနားမှာ မခွဲမခွာ ထားချင်​ခဲ့တာ။
----------------------

"​ကျေးဇူးပဲ"

ပြုံးရုံ​လေးဆိုသ​လောက်​သာ ပြုံးပြမိသည်​။
ကောင်​​လေးရဲ့ မျက်​လုံး​တွေက ​တောက်​ပလို့​နေခဲ့သည်​။
လှလှပပ သူ့မျက်​ဝန်း​တွေကို ညင်​ညင်​သာသာ
ကျဆင်း​စေတဲ့ မျက်​ရည်​​တွေကို ကျွန်​​တော်
အ​ဝေး​ဆုံး​ရောက်​​အောင်​ ခပ်​ထုတ်​ခဲ့ရမှာ။
မသိခဲ့ဘူး နာကျင်​ရမယ်​လို့​လေ။
ကျွန်​​တော်​ ကိုယ်​တိုင်​ နာကျင်​ရတာထက်
ကောင်​​လေး နာကျင်​ရတာကို မုန်းတယ်​။

"ကျွန်​​တော်​ တကယ်​ ဒီမှာ ​နေရမှာလား?"

အခန်းကို ​​ဝှေ့ဝိုက်​ကြည့်​ကာ ​မေး​နေသည်​။
အလိုမကျသလိုလည်း မဟုတ်​ခဲ့ပါ။

"မ​နေချင်​လို့လား?"

ကျွန်​​တော်​သူ့ကို ​မေးခွန်း​တွေပြန်​​မေးသည်​။
မ​နေချင်​ဘူးဆိုလည်း ထွက်​သွားခိုင်းရုံ​ပေါ့။
ဖြေခဲ့လိုက်​ပါလား အဲ့တုန်းကတည်းက
မ​နေချင်​ပါဘူး ဆိုပြီး​လေ။ ဘာလို့ လက်​ခံခဲ့လည်း။

Please Stay...Until [Completed]حيث تعيش القصص. اكتشف الآن