So

2.2K 235 11
                                    

သိပ်​​ပျော်​ရပါတယ်​ ချစ်​ရသူရဲ့ အမှတ်​တရ​တွေ။
မြတ်​နိုးရပါတယ်​ အနှီလူသားရဲ့ ချစ်​ခြင်း။
သေဆုံးတဲ့အချိန်​ထိ သယ်​ပိုးသွားချင်​တဲ့
အမှတ်​တရ​တွေဆိုတာ များများစားစား​တော့ ဘယ်​ရှိမလဲ?
ဒါ​ပေမယ့်​ ကျွန်​​တော်​က​တော့ သူ့​ကြောင့်​ရတဲ့ ​ပျော်​ရွှင်​မှု​တွေကို ထုပ်​ပိုးသိမ်းဆည်းစရာ ရှိ​သေးလို့ ​တော်​ပါ​သေးတယ်​။
ကျွန်​​တော်​သာ ​လောကကြီးက ထွက်​ခွာသွားခဲ့ရင်​ အရင်​လို သူတစ်​​ယောက်​ထဲ ​အေးစက်​​နေမှာကို စိုးရိမ်​လိုက်​တာ။
ကျွန်​​တော်​​ကြောင့်​ ကျလာမယ့်​ သူ့မျက်​ရည်​​တွေကိုလည်း နှ​မြောတယ်​။
သူမျက်​ရည်​​တွေကျသွား​ပေမယ့်​ ကျွန်​​တော်​ ပြန်​မလာနိုင်​မှာကို ပိုပြီိး ​ကြောက်​တာပါ။
ဒီခရီးလမ်းက ခက်​ခဲတယ်​။ အ​မှောင်​ထုထဲမှာ
တစ်​​ယောက်​ထဲရယ်​။ မျက်​စိတစ်​ဆုံးက အလင်းတစ်​စက်​က အရာအားလုံးနဲ့ ​ဝေးကွာခြင်းအတိ။ သူနဲ့မနီးစပ်​နိုင်​တဲ့ ခရီး။
အသွားရှိပြီး အပြန်​မရှိတဲ့ ခရီးကို လမ်းမှားပြီး ​ရောက်​ခဲ့ပြီ။

ထွေးဖက်​ထား​ပေမယ့်​ ကျွန်​​တော်​ မလုံခြုံ​တော့ဘူး။ သူ့​နွေး​ထွေးမှု​တွေ ရ​နေ​သေး ​ပေမယ့်​ ဆက်​လက်​ပြီး ​အေးခဲ​နေတုန်း။
တစ်​ချိန်​က ချစ်​ခဲ့​ပေးတာ​တွေအတွက်​ ​ကျေးဇူးတင်​​နေရုံမှအပ လုပ်​စရာမရှိ​တော့ဘူး။
ဒဏ်​ရာ​တွေနဲ့ မနာကျင်​ဖို့ ဆု​တောင်း​နေရတာလဲ ​မောပြီ။ ကျွန်​​တော်​သာ သူ့အနားမရှိ​တော့ရင်​...။

အချိန်​​တွေကြာလာ​လေ ကျွန်​​တော့်​​ရောဂါအ​ခြေအ​နေက ဆိုးသထက်​ဆိုး​ပေါ့။ အခု ကျွန်​​တော်​ ​ဆေးရုံမှာ။
သူနဲ့မ​တွေ့ရ​တော့တာ တစ်​ပတ်​​တောင်​ရှိပြီ။
Joon hyung အကူအညီနဲ့ ​ဆေးရုံတက်​​နေတာ။ သူ့ကို​တော့ ဘူဆန်​ ခနပြန်​မယ်​ဆိုပြီး ညာထားတယ်​။
နောက်​ဆုံးအဆင့်​နဲ့ ကျွန်​​တော်​က ​သေလူပါပဲ။
အသက်​ရှင်​​နေလျက်​နဲ့ ​သေ​နေတဲ့လူ။
ရောဂါအ​ကြောင်းစသိကတည်းက ​ရေးလာလိုက်​တဲ့ ဒိုင်​ယာရီစာအုပ်​​လေး​တောင်
ကုန်​​တော့မယ်​။ ခပ်​ပါးပါး​လေးပဲ ကျန်​တယ်​။

Please Stay...Until [Completed]Место, где живут истории. Откройте их для себя