Before

2.3K 226 33
                                    


တစ်​ရက်​တစ်​ရက်​နဲ့ လွန်​လာခဲ့တဲ့ ကာလ။
စက္ကန့်​သံတစ်​သံက ကိုယ့်​ရဲ့ ကမ္ဘာကို ပျက်​​စေတယ်​ ​ကောင်​​လေး။
တစ်​ရက်​တာဆိုတဲ့ အချိန်​ကြီးကုန်​လွန်​သွားတိုင်း
ဖြစ်​မလာ​သေးတဲ့ အနာဂတ်​ကြီးကို ပိုပြီးမုန်းလာတယ်​။
မင်းပြင်​​ပေးခဲ့တဲ့ သစ်​သားနာရီကြီးကို​တောင်​ ရိုက်​ချိုးပစ်​ချင်​​လောက်​​အောင်​ပဲ။
ဘ၀ရဲ့ အချိုးအ​ကွေ့ဆို ဒါဟာ ထာဝရအတွက်​ လမ်း​ကွေ့တစ်​ခုပဲ။
စဉ်းစားကြည့်​​ကောင်​​လေး အမှတ်​တရဆိုတဲ့ ဖြစ်​ရပ်​တိုင်းမှာ စွဲလမ်းမှု​တွေ ​မေ့​ဖျောက်​မရမှု​တွေ တသီတတန်းကြီး ကပ်​ပါလာတယ်​။ ကို​ယ်​တို့နှစ်​​ယောက်​ အတူရှိခဲ့တဲ့ ​နေ့ရက်​​တွေက မကြာမြင့်​ပါဘူး ​ကောင်​​လေး။ အမှတ်​တရ​တွေ​တော့ ရှိတာ​ပေါ့။
အဲ့ဒါက ပြသနာပဲ သူ့မှာ ပါလာတဲ့ သတိရစရာ​တွေက ကိုယ့်​မှတ်​ဥာဏ်​မှာ အမာရွတ်​တစ်​ခုထင်​သွားပြီ။ ​သေရာပါ​ပေါ့။

စိတ်​ချလက်​ချ အိပ်​​ပျော်​နိုင်​ရဲ့လား ​ကောင်​​လေး။
အိပ်​မက်​ထဲမှာ တစ်​​ယောက်​ထဲ လမ်း​ပျောက်​​နေမလား။ ကိုယ့်​ရဲ့လက်​ကို အ​ဝေးက​နေ ​တောင်းတ​နေမလား။
ကိုယ်​က​တော့ ခုထိ အိပ်​မ​ပျော်​နိုင်​ဘူးကွာ။
ကောင်​​လေးအိပ်​​နေတာကို ​ဘေးက​နေ ထိုင်​ကြည်​ရင်း ကို​ယ်​နှိုး​နေခဲ့တာ။
ကို​ယ်​​အိပ်​နေတုန်း ​ကောင်​​လေး ထွက်​သွားမှာ ​ကြောက်​လွန်းလို့ပါ။
လက်​​ဖောင်း​ဖောင်း​တွေကို ဆုပ်​ကိုင်​တိုင်း ​အောင့်​သက်​လာတဲ့ ၀ဲဘက်​က နှလုံးသားကို ကိုယ်​တိုင်​​ဖောက်​ထုတ်​လိုက်​ချင်​မိသည်​။

ပါး​ဖောင်း​ဖောင်း​လေး​တွေက​နေ ပိန်​ကျသွားတဲ့
ပါး​လေး​တွေကို ထိ​တွေ့ကိုင်​တွယ်​ကြည့်​​တော့
စီးကျလာတဲ့မျက်​ရည်​စက်​​တွေကို လွတ်​လပ်​ခွင့်​နဲ့
စိတ်​တိုင်းကျ ထွက်​ခွာခွင့်​​ပေးခဲ့တယ်​။
ကောင်​​လေးရဲ့လက်​​လေးကို ဆုပ်​ကိုင်​ရင်း
မျက်​နှာ​လေးနား ကပ်​ကာထားလိုက်​သည်​။
ထွက်​ခွာမသွားမီ ထိုလက်​​လေးအား နူးညံ့စွာသိမ်းသည်းထားချင်​ခဲ့မိသည်​။
အတ္တဆန်​ခြင်းမျိုးမဟုတ်​ဘဲ ရူးမိုက်​တဲ့ချစ်​ခြင်းတစ်​မျိုး အ​နေနဲ့​ပေါ့။
ခနတာ​လေး နှလုံးသားမှာ ၀င်​​ရောက်​ခိုလှုံပြီး
ထွက်​ခွာသွား​တော့မည့်​ ဧည့်​သည်​။
မျက်​လုံးအစုံကိုမှိတ်​ပြီး ငို​ကြွေးဖို့ ပြင်​ပြီးခါမှ
ဆံပင်​​လေးကို လာ​ရောက်​ထိုးဖွ​နေတဲ့ သူ့​ကြောင့်​မငိုဖြစ်​ခဲ့ပါ။

Please Stay...Until [Completed]Where stories live. Discover now