Zawgyi
******ခပ်ကျဉ်းကျဉ်း အခန်းငယ်တစ်ခုရဲ့ အမှောင်ထုထဲက အမှတ်တရတွေ။
တချိန်တခါက ကျွန်တော်တို့ ချစ်ခဲ့တဲ့
မှန်ပြတင်းပေါက် ဝိုင်းဝိုင်းရယ်။
သိပ်မကြီးလှသည့် ရှေးဆန်ဆန် သစ်သားနာရီ။
ရှုပ်ပွနေသော အိပ်ရာတချို့။
သန့်သန့်လေးရှိခဲ့တဲ့ မီးဖိုချောင်ငယ်။
သူသိပ် ချစ်ခဲ့တဲ့ ခေါင်းမိုးထပ်။
သူသိပ် ချစ်ခဲ့တဲ့ ကြယ်စင်ငယ်။
အရာအားလုံးဟာ အခုတော့ အမှုန်အဝါး။
ဖုန်တွေတောင် တက်နေရောပေါ့။
ဖုန်မှုန့်ငယ် တချို့က လက်ပေါ်မှာ ပေစွန်းလို့။
ကျွန်တော့် နှုတ်ခမ်းမှ ပြုံးမိသည်။
နာကျင်ခြင်းကြောင့် ဒီအပြုံးတွေ ဖြစ်တည်ရခြင်းလား။"Sugar"
ကဗျာမဆန်သော်လည်း သူ့အလိုလို လှပနေသော
ဒီ ခေါ်သံအား ကျွန်တော် ထပ်ကြားနိုင်ပါ့မလား။
^^^^^^^^^^^^^^^^^ငါမခေါ်ဘဲ မင်းငါ့ဘဝထဲဝင်ရောက်လာတယ်။
ငါမနှင်ချင်သော်လည်း မင်းထွက်ခွာသွားတယ်။
ရက်ရက်စက်စက် ကို ပစ်ခွာသွားခဲ့တာ။
နှုတ်ဆက်ခွင့် ဆိုတာတောင် မသိလိုက်ရပါဘဲ
ခါးခါးသီးသီး အပြစ်တင်ပြီး စိတ်ဆိုးခဲ့တယ်။
ဘာလို့များ အမှန်တရားတွေကို ဖုံးကွယ်ခဲ့ရတာလဲဟင်?
မင်း ကို စိတ်ဆိုးအပြစ်တင်ခံပြီးမှ ငါ့ဘေးနားက
ထွက်ခွာခဲ့ရတာလား။
ငါက အရူးလား?ငါက ငပေါ လား?
ဖြေပေးအုံးလေ ဒီမေးခွန်းတွေ မင်းပါးစပ်က
ထွက်သမျှစကားလုံးလေးတွေ အလွတ်ကျက်ချင်သေးလို့။
အင်းပါ.......ငါ့ကို မင်း ရက်စက်ခဲ့တယ်။"ဒီမှာ"
အနောက်မှ ခေါ်နေသော်လည်း နားကြပ်ကိုနားမှာတပ်ကာ volume အဆုံးထိ
ဖွင့်ထားပြီး သံစဉ်တွေ အတိုင်း စီးမျောနေတဲ့
ကျွန်တော်ကတော့ ခေါ်သံကိုမကြား။
အနောက်မှ ကျွန်တော့် ပုခုံးကို လှမ်းဆွဲတဲ့အခါမှသာ လှည့်ကြည့်မိသည်။
ကောင်လေး တစ်ယောက် ကြောင်ငမ်းငမ်းနဲ့
ကြည့်နေရှာတယ်။
ကျွန်တော်သူ့ကို ပြန်ကြည့်နေသေးသည်။
သူ့ဘက်ကစကားစဆိုသည်။
YOU ARE READING
Please Stay...Until [Completed]
Fanfictionအိပ်မက်ထဲထိ ကျွန်တော်မျက်ရည်မကျအောင် ကောင်လေး မကုစားပေးနိုင်ခဲ့ဘူး။ ဟုတ်တယ်....ကောင်လေး မင်း ရက်စက်ခဲ့တယ်။ YoonMin [Yaoi] By:KimTae_Nun