Second Contract

11.9K 951 66
                                    

(Zawgyi)

Soul Contract ( Second Contract)

"ငါ .. ငါအခု ဘယ်နေရာရောက်နေတာလဲ "

ယန်ကျင်းဟွာသတိရလာတဲ့အခါ ခေါင်းကိုအတတ်နိုင်ဆုံး ကြည်လင်အောင်ထားရင်း ဘေးဘီကို ကြည့်မိသည်။ သူရှိနေသော ကုတင်နဲ့ ကပ်လျက်နံရံပေါ်ကမှန်မှာ သူ့၏ပုံရိပ်ပေါ်နေ၏။

ထိုပုံရိပ်ကို ငေးလျက် သူ့မျက်နှာသူ ကိုင်ကြည့်ပြီးနောက် အားရ၀မ်းသာစွာနဲ့​ _

"ငါ့ အသားအရည်လေးတွေ ဘယ်လိုတောင် ၀င်းမွတ်နေရတာလဲ!!! ဟားဟား!! မျက်နှာလေးကလည်း ဘယ်လိုတွေတောင် ဆွဲဆောင်မှုတွေ ပြည့်လျှံနေတာတုန်း ... ဒါ ငါ့ဆုတောင်းကို ကြားလို့ မိုးနတ်မင်း အခွင့်အရေးပေးတာပဲ ဖြစ်လိမ့်မယ်.. ငါ အသက်ပြန်ငယ်သွားတာပဲ !!! ရဟူးး !!"

"မင်း အချိန်ခရီးသွားတဲ့ ဇာတ်လမ်းတွေ တော်တော်ကြည့်ထားပုံပဲ"

ဘေးကနေထွက်လာသော ကြားဖူးမိသည့် အသံတစ်ချက်...

"နားထောင်စမ်း ယန်ကျင်းဟွာ.. မင်းသေပြီးသွားပြီ .. အခုမြင်နေရတာ မင်းရဲ့ဝိဉာဉ်..''

"မင်းကို ငါမှတ်မိပါတယ်.. ခုနလေးတုန်းက တွေ့ခဲ့တဲ့ Exorcist ဆိုလား ဘာသခင်ဆိုလား တစ်ယောက်.."

"ငါ့နာမည် သွမ့်မုရှီ "

"ဟုတ်ပြီ သွမ့်မုသခင်လေး ….ပေါက်ကရတွေ မရွှီးပါနဲ့ ကလေးရယ် .. ငါ ခုနတုန်းက လမ်းလျှောက်လာတာ အကောင်းကြီးပါ.. "

ယန်ကျင်းဟွာ သူမှတ်မိတာပြောပြသည်။ သွမ့်မုရှီက ကြားဖြတ်ဝင်ပြော၏။

"ပြီးတော့ ကုန်တင်ကားတစ်စီးက ဝင်တိုက်သွားတယ်လေ.. မယုံရင် သေချာပြန်ကြည့်လိုက်ဦး"

အဝတ်ဖြူလွှမ်းထားသည့် အလောင်းကို လက်ညှိုးထိုးပြလိုက်သည်။

သေချာသတိထားကြည့်မိတော့မှ ဟုတ်သည်.. သူ့အလောင်းကို အ၀တ်ဖြူစလွှမ်းထား၏ ။ တော်တော်ရုပ်ပျက်နေပြီမို့ သူ့ကိုယ်သူပင် မကြည့်ရဲ ... စိတ်မကောင်းဖြစ်မိသည်။

"ကုန်တင်ကား တက်ကြိတ်လို့ သေရတယ်လားကွာ.. Audi လောက်နဲ့ အကြိတ်ခံရရင် ကျေနပ်ပါသေးတယ်.. ဒါနဲ့ သခင်လေးဆိုတဲ့ တစ်ယောက်.. ငါ ရမယ့်လျှော်ကြေးတွေရော.."

Soul Contract (Volume I, MM Translation)Where stories live. Discover now