(Unedited) Tenth Contract

6.4K 613 95
                                    

Soul Contract (The Tenth Contract)

နောက်တစ်ရက် မနက်မိုးလင်းတဲ့အခါ တမူစီးမင် သူ့အခန်းထဲရောက်လာသည်။ စားစရာမျိုးစုံပါတဲ့ လှည်းလေးကို တွန်းလာရင်းပေါ့ …

"သခင်လေးရှီ … မနက်စာစားချိန်ရောက်ပါပြီ "

တုပ်တုပ်မျှမလှုပ် …ဘေးတစ်ဖက်ကိုစောင်းကာ ခွေခွေလေးအိပ်နေဆဲ … သူနားထောင်နေကြ MP4 က သပ်သပ် … ပြီးတော့ ရာသီဥတုက မနက်ပိုင်း အေးနေတာတောင် စောင်မခြုံထားပဲ ဒီတိုင်းအိပ်နေသောအခါ တမူစီးမင် လန့်သွားသည်။

'မဟုတ်လောက်ပါဘူး … ငါ ထင်နေတာ မဖြစ်နိုင်ဘူး… အရမ်းစောလွန်းသေးတယ်လေ'

တမူစီးမင် စိုးရိမ်သွားမိသည်။ ဘယ်လောက်ပဲ ငယ်ငယ်တုန်းကနဲ့ မတူတော့ပဲ အချိုးမပြေ အထက်စီးကပဲ ဆက်ဆံနေပါစေ …

တမူရှီက သူ့ရဲ့ညီပဲ မဟုတ်လား …

ဒီလိုပြောင်းလဲ သွားရတာလဲ သူတို့အပြစ်မကင်းခဲ့ဘူး မဟုတ်လား…

"သ … သခင်လေးရှီ … သခင်လေး … ရှီအော် … "

"မင်း သူ့ကို နှိုးလို့ရမှာမဟုတ်ဘူး"

နောက်ကျောဘက်က အသံကြောင့် တမူစီးမင် ကျောရိုးတောက်လျှောက် စိမ့်ကနဲဖြစ်သွားသည်။

"ဘယ်သူလဲ !!"

"ဟယ်~~ လို့~~ အို ^^^ ဂွတ် ဒ မော နီး !! "

"ယန်ကျင်းဟွာ?? လန့်သွားတာပဲဗျာ"

ပြောင်စပ်စပ်လုပ်ပြနေတဲ့ ယန်ကျင်းဟွာကို မြင်မှသာ စီးမင် သက်ပြင်းချနိုင်သည်။

ယန်ကျင်းဟွာကပဲ ဆက်ပြီးတော့ ဆရာကြီးလေသံနဲ့ ပြောလိုက်သည်။

"ခင်ဗျားအဲ့လို နှိုးနေရင် ဒီကောင်နိုးမှာ မဟုတ်တော့ဘူး … ဒီက အစ်ကိုကြီး နှိုးပြမယ် သေချာကြည့်"

စီးမင်ခမျာ အူလည်လည်နဲ့ ခေါင်းငြိမ့်လိုက်ရရှာသည်။

ယန်ကျင်းဟွာက ကုတင်ပေါ်တက်လိုက်ပြီး တမူရှီအနားကို တဖြည်းဖြည်းတိုးကပ်သွားသည်။
ပြီးတော့ မျက်နှာအချင်းချင်းပါ တိုး၍နီးကပ်သွား၏ ။ စီးမင်တစ်ယောက် ခုနက ချလိုက်မိတဲ့သက်ပြင်း အပေါ်ပြန်တက်လာသည်။

Soul Contract (Volume I, MM Translation)Where stories live. Discover now