(Unedited) Ninth Contract

7.3K 646 47
                                    

Soul Contract(The ninth contract)

"တမူရှီရဲ့ မွေးသက္ကရာဇ် ပြောပြစမ်း"

"ဟင် !! မင်း !! စီးထို့လွီ !"

ယန်ကျင်းဟွာ ကြောင်သွားသည်။ ငါကိစ္စနဲ့ သူက တမူရှီကို သတ်ချင်နေရတာလဲ…။

"မြန်မြန်ပြောစမ်းပါ … ငါ ဒီကောင့်ကို သတ်ရမှ ဖြစ်မယ် "

"ခေတ်ကာလသားသမီးတွေများ သတ်မယ်ဖြတ်မယ် တကဲကဲနဲ့ … ပြီးတော့ နေ့ခင်းကြောင်တောင် ဓားတစ်ချောင်း ဟိုရမ်းဒီရမ်းလုပ်နေတာ အဖမ်းခံရမှာ မကြောက်ဘူးလား"

"စကားလမ်းကြောင်း မလွဲနဲ့ …ငါမေးတာပဲ ဖြေစမ်းပါ"

"မင်းနဲ့ ဟိုဘဝင်ရူး ဘာပြဿနာတွေ ရှိလဲတော့မသိဘူးလေ …မကျေနပ်ရင် အချင်းချင်းချိန်းပွဲလုပ်ပြီး သတ်ကြပါလား …ငါ့ကို ဆွဲဆွဲမထည့်စမ်းနဲ့ "

"ချိန်းပွဲလုပ်တာနဲ့ နိုင်မှတော့ မင်းကို လာမေးမလားကွ… ဒီကောင်က အကျင့်သာမကောင်းတာ တော်တာကတော့ တော်တယ်"

ချိန်းပွဲဆိုမနိုင်လို့ ကွယ်ရာကလုပ်ကြံမည်။ သိပ်ကို တရားကျဖို့ကောင်းလေစွ။ မြန်မြန်ပြောပြီးတာပဲဆိုပြီးတော့ _

"1999 June 31 "

အမြန်ပြောပြီး လှစ်ခနဲ ပြေးထွက်သွားသည်။ စီးထို့လွီမှာ ရေးမှတ်နေရင်းနဲ့မှ _

"ဟေ့ကောင် June လမှာ ၃၁ မှ မရှိတာကွ!!"

ဒေါသထွက်လာပြီး ယန်ကျင်းဟွာကို ချုပ်နိုင်ရန် Spirit တွေကို အမိန့်ပေးလိုက်သည်။

စီးထို့လွီဆိုသူမှာ Spirit အားလုံးကို လိုသလိုကိုင်တွယ် ခိုင်းစေနိုင်သူဆိုတာ ယန်ကျင်းဟွာ မသိခဲ့လိုက်။

"မင်းကို အခွင့်အရေးတစ်ခေါက် ထပ်ပေးမယ် … တမူရှီရဲ့ မွေးသက္ကရာဇ်ကို ပြောစမ်း"

"မပြောဘူးကွာ … သူသေတာနဲ့ ငါလည်း ပျောက်ရမယ့်အတူတူ မပြောနိုင်ဘူး"

"ဟုတ်လား … ဒါဆိုရင်လည်း …"

စီးထို့လွီ ယန်ကျင်းဟွာကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး သူကအပေါ်ကနေ ဖိထားလိုက်ကာ ယန်ကျင်းဟွာရဲ့ လက်ကို သူ့ဓားမြှောင်နဲ့ စိုက်ချလိုက်သည်။

Soul Contract (Volume I, MM Translation)Where stories live. Discover now