Third Contract

8.9K 770 27
                                    

(Zawgyi)

Soul contract ( The third contract)

လေဆိပ်က အပြန် လမ်းတစ်လျှောက်မှာ ယန်ကျင်းဟွာတစ်ယောက် ကားရှေ့ခန်းကနေ သွမ့်မုရှီဘေးကထိုင်ရင်း အခြေအနေကို ဆက်တိုက်အကဲခတ်နေသည်။

'ဒီကောင် … စကားပြောလိုက်တိုင်း မျက်နှာသေနဲ့ … အတည်ပြောတာလား နောက်ပြောတာလား မသဲကွဲဘူး … ဒါပေမယ့် ဒီလောက်နောက်ကျနေတဲ့အချိန်ကြီး လေဆိပ်ထိ လာကြိုပုံထောက်ရင်တော့ ကောင်မလေးက သူ့အတွက် တော်တော်လေးတော့ အရေးပါမယ့်ပုံပဲ'

တစ်ယောက်တည်းတွေးရင်း ကားနောက်ခန်းမှာ ထိုင်နေသော ချင်းရှင်းယောင်ကို လှမ်းကြည့်လိုက်သည်။

အပြင်ကို ငေးနေသော ချင်းရှစ်ယောင်က ရုတ်တရက် ယန်ကျင်းဟွာနဲ့ အကြည့်ချင်းဆုံသွားပြီး …

"Hello … you're his Soul Image,right?? နာမည်ဘယ်လိုခေါ်လဲ …တို့က ချင်းရှစ်ယောင်ပါ … တွေ့ရတာဝမ်းသာပါတယ် "

"ငါ့ကို မြင်ရတယ်လား "

"Yep ! လေဆိပ်မှာတည်းက ရှီအော့်ဘေးမှာ ကပ်ပါလာတာတွေ့နေတယ်လေ"

အပြုံးချိုချိုနဲ့ နှုတ်ဆက်စကားပြောနေသော ချင်းရှစ်ယောင်ကို ချက်ချင်းပင် သူ ခင်မင်သွားသည်။

"ချင်းရှစ်ယောင် … ခင်ဗျားက တကယ်ချောတာပဲနော် … Perfect lady ပဲ"

"ရှင်က ရှီအော်ရဲ့ ရင်းလင် … တို့က စေ့စပ်မယ့်သူဆိုတော့ တို့နှစ်ယောက် မောင်နှမတွေလို ခင်ကြရအောင်"

"အဲ … မင်းက သဘောလည်း တော်တော်ကောင်းတာပဲ  … ဒီလိုပြီးပြည့်စုံတဲ့သူကို မခံစားတတ်တဲ့ လူမျိုးက ရှိသေးသားပဲ"

သူ့ကို တမင်သက်သက်ပြောနေမှန်း သိ၍ သွမ့်မုရှီကားကို အရှိန်တင်မောင်းပြီး ရုတ်တရက် ဘရိတ်အုပ်လိုက်၏ ။ အနောက်လှည့်ပြီး အာလူးဖုတ်နေသော ယန်ကျင်းဟွာတစ်ယောက် ကသောင်းကနင်းတွေဖြစ်ကုန်သည်။

"သွမ့်မုရှီ !! ကားကို ဘယ်လိုမောင်းနေတာလဲ!!"

"ခါးပတ်သေချာပတ်ထားပါလား .. ဒီလို စည်းကမ်းမရှိလို့ ကားတိုက်သေတာ"

"ငါက အခု သရဲတောင် ဖြစ်နေပြီလေ !! သရဲကွ !! ခါးပတ်မပတ်တော့ရော ဘာဖြစ်လဲ!!"

Soul Contract (Volume I, MM Translation)Where stories live. Discover now