(Unedited) Eighth Contract

6.2K 616 54
                                    

Soul Contract(The eighth contract)

"သခင်လေးယန်ကျင်းဟွာ ...ဒီမှာရေးထားတာကို အသံထွက်ဖတ်ပေးပါ "

ကျွန်ုပ်ယန်ကျင်းဟွာသည်
၆၃ဆက်မြောက်
Yangming သခင်လေး၏
ဝိညာဉ်ပုံရိပ်အဖြစ်
ဆက်လက်ရှင်သန်ပါမည်။
ဝိညာဉ်ချင်း ချည်နှောင်သော
ဤလက်စွပ်ကို
သက်သေတည်၍
အေးအတူ ပူအမျှ
အရာအားလုံးကို
အတူတကွ မျှဝေခံစားမည် ...
သေသည်အထိ မခွဲမခွာပဲ
တစ်ဦးကိုတစ်ဦး အပြန်အလှန်
ကာကွယ်ပေးမည်ဟု
ကတိသစ္စာပြုပါသည်။

ဒီ ကတိကဝတ်ဟာ ... ဒါဟာ ...

'ယန်ကျင်းဟွာဆိုတဲ့ မင်းက ငါ တမူရှီရဲ့ Soul image အစစ်အမှန်ဖြစ်ကြောင်း တစ်လောကလုံးက မငြင်းနိုင်အောင် အသိပေးကြေညာမယ့်ပွဲ '

ရှီ ရဲ့ စကားသံကို ကျင်းဟွာပြန်လည် ကြားယောင်လာသည်။

ဒါဆို ... သူ ဒီကတိစာသားကို ရွတ်ဆိုလိုက်တာနဲ့ ...

သူနဲ့ တမူရှီ ...

ယန်ကျင်းဟွာနဲ့ တမူရှီတို့ နှစ်ဦးဟာ ...

ရေးထားကို ကတိကဝတ်စာသားကို သူအပေါ်အောက် အောက်အပေါ်ဖတ်ရင်း ချွေးပြန်လာသည်။ (ဝိညာဉ်လည်းတစ်ခါတစ်ရံ ချွေးပြန်တတ်သည်ဟု မှတ်ကြကုန်)

"လခွမ်းကတိသစ္စာ!! ဒါကြီးသာ လူသိရှင်ကြား ဖတ်ရရင် ရှက်လို့သေမှာပဲ !!!"

"ဖတ်စရာရှိတာ ဖတ်စမ်း … အချိန်မရှိဘူး"
ရှီ က သူ့ထုံးစံအတိုင်း မျက်နှာသေနဲ့စိုက်ကြည့်သည်။

မနီးမဝေးမှာ ရပ်နေတဲ့ ကျင်းရှင်းယောင်ကတော့ တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်လုမတတ် …

"ယန်ကျင်းဟွာ!! ငါ ဒေါသထွက်လာပြီ !! ဒီမြင်ကွင်းကို မုန်းလာပြီ !! မြန်မြန်ဖတ်စမ်း!! နင့်ကြောင့် ငါ့ကို ကြိုဆိုတဲ့ ပွဲလည်း ဖျက်လိုက်ရပြီ အရူးရဲ့!!"

ဖတ်ဖို့အရေး ချိတုံချတုံဖြစ်နေစဉ် ပရိသတ်အလယ်က အော်သံအကျယ်ကြီး ထွက်လာသည်။

"Hey!! သခင်လေးရှီ !! ဒီလိုခမ်းနားတဲ့ ပွဲမျိုးကို ဘာကြောင့် ကျွန်တော့်ကို မဖိတ်ရတာလဲ !!"

Soul Contract (Volume I, MM Translation)Where stories live. Discover now