Soul Contract ( The Seventh Contract)
"ဒါနဲ့ ... အဲ့မြေခွေးကြီးက Soul image ဖြစ်ခဲ့ဖူးတယ်ဆို... ဟုတ်လား"
"အင်း ... "
"တကယ်ပေါ့ ..."
ကျင်းဟွာစိတ်ထဲမှာ မတင်မကျဖြစ်သွားရှာသည်။ ဒါဆို သူက တမူရှီရဲ့ ပထမဆုံး Soul Image မဟုတ်ဘူးပေါ့ ...။
"ငါ့ရဲ့ Soul image မဟုတ်ပါဘူး ... ဖေဖေ့ရဲ့Soul image"
ဆိုဖာပေါ်ထိုင်လိုက်ရင်း စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိကာ သူ့စရိုက်အတိုင်း ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။
'ဖူးး ... တော်ပါသေးရဲ့' ဒီတော့မှ ကျင်းဟွာတစ်ယာက် သက်ပြင်းချနိုင်တော့သည်။ ဒါမနာလို ဖြစ်မိတာလားဟု သူ့ကိုယ်သူ သံသယဝင်မိသည်။ ဒါနဲ့ စကားရောဖောရောနဲ့ _
"မြေခွေးမိစ္ဆာကြီးကိုတောင် Soul image လုပ်ခိုင်းတာဆိုတော့ မင်းဖေဖေက တော်တော်စွမ်းမှာပဲ"
စီးကရက်ကို တစ်ချက်ရှိုက်ဖွာကာ နောက်ကိုမှီလိုက်ရင်း _
"ပြောကြတာပဲ ... အစဉ်အဆက်မှာ မြေခွေးမိစ္ဆာကို Soul image လုပ်ခိုင်းတာ သူတစ်ယောက်ပဲရှိတယ်"
"ဒါဆို မင်းနဲ့ မင်းဖေဖေနဲ့ ဘယ်သူပိုစွမ်းလဲ"
"ငါက ဘယ်လိုလုပ်သိမလဲ"
တုံးတိအဖြေတွေကြောင့် ကျင်းဟွာမှာ ခဏခဏဆက်ပြောစရာ ရှာမတွေ့ဖြစ်ရသည်။
"ငင့် !!"
"ငါမမွေးခင်ကတည်းက သူဆုံးသွားတာလို့ ပြောတယ် ... ငါလည်း မမြင်ဖူးလိုက်ဘူး"
"တ ... တမူ ... ဆောရီး ... ငါ မသိပဲမေးလိုက်မိတယ်"
ကျင်းဟွာမေးပြီးကာမှ အရမ်းအားနာသွားသည်။ ဒါပေမယ့် ကာယကံရှင် ရှီ ကတော့ သူ့အကြောင်းပြောပြနေတာပဲ မဟုတ်သလိုလိုပုံစံနှင့် _
"ရတယ် ... ဘာမှမဖြစ်ဘူး"
ခဏလောက် စကားအပြောအဆိုငြိမ်သက်သွားပြီးနောက် ရှီ က သူ့ရဲ့ စီးကရက်ကို ပြာခွက်ထဲထည့်ချေကာ မီးငြိမ်းသတ်လိုက်ပြီး ထိုင်နေရာကထရင်း အင်္ကျီချွတ်လိုက်သည်။
ဒါကို မြင်ပြီးလန့်သွားသူက ယန်ကျင်းဟွာ ...။
"ဘ...ဘာ ... ဘာလုပ်မလို့လဲ!!! မင်း ဘာလို့အဝတ်တွေ ချွတ်နေတာလဲ!!"
YOU ARE READING
Soul Contract (Volume I, MM Translation)
FanfictionI'm sorry, Jinghua. I couldn't make a proper contract with you before. From now onwards, your suffering, your happiness and everything, I'll accept them all gladly. - Daunmu Xi -