(Unedited) Fifteenth Contract - Part 2

6.4K 669 173
                                    

FB မှာ Daunmu Xi ဆိုတဲ့ Role Play Acc လေး ရောက်နေပြီလို့ ^^^

Enjoy your second update for today ^^^

____

လူပြတ်တဲ့တောစပ် တစ်နေရာအရောက် အငှားကားကို ရပ်ခိုင်းလိုက်ပြီး ထိုနေရာမှာပဲ ဆင်းကျန်ခဲ့သည်။ JingLing တောင် အနီးသို့ပင်ရောက်လာခဲ့လေပြီ …။

"အဆင်ပြေရဲ့လား"

"အင်း … ခဏနားဦးမယ်"

အနားက သစ်ပင်ကြီးတစ်ပင်ကို မီလျက် ထိုင်ချရင်း အမောဖြေနေသော ရှီက်ု ကြည့်ရင်းက ယန်ကျင်းဟွာ တစ်ခု မေးလိုက်သည်။

"တမူရှီ … မင်းရဲ့စွမ်းအားပြန်ရဖို့ ဓားအိမ်ကို ရှာဖို့က ဒုတိယနည်းလမ်းမဟုတ်လား … ပထမနည်းလမ်းက ဘာလဲ"

"အဲ့ဒါ မင်း သိစရာမလိုဘူး"

ရှီ ထံက အဲ့ဒီအဖြေနဲ့တင် လုံလောက်သည်။ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့သည်။ ထို ဖြစ်နိုင်ချေကို သူထုတ်မေးလိုက်သည်။

"ငါ့ကို ဖျက်ဆီးပစ်ဖို့ မဟုတ်လား"

ရှီ လုံးဝပြန်မဖြေ …။

"ဖြေလေ !!"

ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းသာ ဖြစ်တော့သည်။

"ဒါဆို ဘာလို့ မဖျက်ဆီးပစ်တာလဲ ! မင်းရဲ့စွမ်းအားက လောကကြီးအတွက် အရေးကြီးတယ် မဟုတ်လား ! ဘာလို့ ငါ့လို အသုံးမကျတဲ့ ဝိဉာဉ်ကို ဆက်ထားဦးမှာလဲ !!"

"တိတ်စမ်း ယန်ကျင်းဟွာ !! မင်းမသိသေးတာတွေ အများကြီးရှိတယ်!!"

"ဒါဆို မင်းဘက်က ရှင်းပြသင့်တယ် မဟုတ်လား တမူရှီ !!"

ရှီ ယန်ကျင်ဟွာကို မကြည့်ပဲ ဖြေလိုက်သည်။

"ဓားထဲမှာ မင်းတွေ့ခဲ့တဲ့လူ … အဲ့ဒီလူက ဒီလောကကို ဖျက်ဆီးမယ့် အမှောင်ဝိဉာဉ်ပဲ … သူ့ကို ယန်မျိုးနွယ်တွေရဲ့အသွေးအသားနဲ့ ပိတ်လှောင်ထားတာ … မင်းက ယန်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်လေ … "

ထိုစဉ် သူတို့ထံသို့ Spirit နွယ်တန်းတစ်ခု အရှိန်နဲ့ တိုးဝင်လာသည်။

"ယန်ကျင်းဟွာ !! သတိထား !!"

ရှီက ယန်ကျင်းဟွာကို ဆွဲဖက်လိုက်ရင်း လှိမ့်ကာရှောင်လိုက်သည်။

Soul Contract (Volume I, MM Translation)Where stories live. Discover now