(Unedited) Twelfth Contract

5.9K 653 64
                                    

Soul Contract (The Twelfth Contract)

"သခင်ကြီး !!! အားရှီပြန်လာပြီ !! အားရှီပြန်လာပြီ"

ဟွာယုက သူ့ရဲ့ကြာဖတ်ထီးလေးကို မြှောက်ကာမြှောက်ကာနဲ့ ခုန်ပေါက်နေသည်။

ယင်ကြွယ်ကတော့ ဘာတွေဒေါပွနေတယ် မသိ … အသားစားနှစ်တစ်ထောင် မြေခွေးဘိုးအေကြီးက အနားက အပြစ်မဲ့တဲ့ အပင်ငယ်တွေ စိတ်ရှိလက်ရှိ ချိုးပြီး အလယ်ကနေကိုက်ဖဲ့ပစ်နေသည်။

(LolxD ဘိုးအေကြီးသူငယ်ပြန်စဉ်တစ်ခဏ)

"သခင်ကြီးယင်ကြွယ် … ဘာတွေ ဘဝင်မကျဖြစ်နေတာလဲ… ယန်ကျင်းဟွာကို မနာလိုနေတာလား"

"အဲ့ကောင်စုတ်လေး ပြဿနာအကြီးကြီးတစ်ခုကို ဖုံးထားတာ သေချာတယ် … ငါ့မျက်စိအောက်တင် ကြီးလာတဲ့ ကောင်စုတ်လေးပါကွာ …သေချာတယ်  သူယန်ကျင်းဟွာကို တစ်ခါမမြင်ဖူးဘူး … ဘာလို့ သူစိမ်းကို Soul image လုပ်ခိုင်းပြီး အသည်းအသန်ကာကွယ်ပြနေရတာလဲ"

"သခင်ကြီး မနာလိုဖြစ်နေတာမလား"

ဟွာယုက သူ့သခင်ကြီးကို မျက်လုံးသေကြီးတွေနဲ့ စိုက်ကြည့်လိုက်သည်။

ယင်ကြွယ်ရဲ့မကျေနပ်ချက်က မနီးမဝေးမှာ ဖဲထိုင်ရိုက်နေသော မိစ္ဆာငယ်တစ်သိုက်ဆီသို့ မြားဦးလှည့်သွား၏။

"ဟိုဖဲသမားတစ်သိုက်!!"

"ဟုတ် သခင်ကြီး!!"

"ဆန်ကုန်မြေလေးတွေ ! သွား တမူအိမ်တော်ကို သွားပြီး Soul image ကို စိန်ခေါ်စမ်း"

ယင်ကြွယ်ရဲ့စကားကို ကြားတော့ ဟွာယုမှာ ပြာပြာသလဲ ကြားကဝင်တားရပြန်သည်။

"သခင်ကြီး !!! ရူးသွားတာလား!!အားရှီကို ကတိပေးထားတာ မေ့သွားပြီလား !! ပြဿနာရှာမှာ မကြောက်ဘူးလား"

"ငါလက်နဲ့ မထိဘူးလို့ပဲ ပြောခဲ့တာလေ… တခြားသူနဲ့ ထိခိုင်းတာ ဘာဖြစ်လဲ"

စိတ်ပျက်စွာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ယင်ကြွယ်ကို သူ့ထီးနဲ့ချိန်လိုက် _

"တစ်ခုခုဖြစ်ရင် သမီးကို ဆွဲမထည့်နဲ့နော်"

"အေးပါ"

----

နောက်တစ်ရက် တမူအိမ်တော်မှာ အမှုထမ်းတွေအားလုံး ရုတ်ရုတ် ရုတ်ရုတ်နဲ့ အလုပ်ရှုပ်နေကြသည်။ ယန်ကျင်းဟွာလည်း ပေ ၁၈၀အတွင်း လတ်လျားလတ်လျားရဲ့ ပတ်သွားနေ၏။

Soul Contract (Volume I, MM Translation)Where stories live. Discover now