Fifth Contract

7.7K 751 72
                                    

(Zawgyi)

Soul contract (Fifth Contract)

ကျင်းလင်* တောအုပ်အတွင်း၌ ...

"အား!!!!"

"အဟားဟား!! ငါ့နယ်ကို ကျူးကျော်ချင်သေးလား? ဟမ် !!"

သွေးအိုင်ထဲတွင် အပိုင်းပိုင်းဖြတ်နေသော မိစ္ဆာကောင်များ ... ထိုအပိုင်းအစတို့ကို မြိန်ရည်ရှက်ရည်စားသောက်နေသော မြေခွေးတစ်ကောင် ...

သွေးညှီနံ့များ လှိုင်နေပြီး မြင်ကွင်းက အကျည်းတန်လှသည်။ ထိုမြေခွေးကြီးနောက်သို့ အစိမ်းရောင်ဂါဝန်လေးနဲ့ ကြာရွက်ပုံစံထီးကို ဆောင်းထားသော မိစ္ဆာမလေးတစ်ဦး ရောက်လာခဲ့သည်။

"သခင်ကြီး ယင်ကြွယ် ..."

မြေခွေးကြီးမှာ တဖြည်းဖြည်း လူအသွင်ပြောင်းလဲသွားသည်။ ချွန်မြနေသော လက်သည်း ... နားရွက်ရှည်နဲ့ အနီရောင်ဆံပင်ရှည်တို့က သူ၏အသွင်ကို မြင်သူတိုင်း ထိတ်လန့်တုန်လှုပ်စေသည်။

(ကျင်းလင်တောအုပ်= သွမ့်မုအိမ်တော်ပို အနောက်ဘက်တွင် တည်ရှိသော သွမ့်မုအိမ်တော်၏ ပိုင်နက်အတွင်းရှိတောအုပ် ... တောအုပ်သခင်ကား နှစ်တစ်ထောင်မြေခွေးမိစ္ဆာယင်ကြွယ်)

"ပြန်ရောက်လာပြီလား ..."

နှုတ်ခမ်းမှာ ပေနေသော မိစ္ဆာငယ်တို့ရဲ့သွေးကို လက်ခုံနဲ့ သုတ်လိုက်ရင်း အဝေးကိုလှမ်းမျှော်လိုက်သည်။

"သခင်လေးသွမ့်မုရှီ ..."

********

"ဟေ့ ... သွမ့်မုရှီ ... မင်း ဘယ်ကို မောင်းနေတာလဲ ... မြို့ပြင်ရောက်နေပြီ... ဒီတော့အုပ်ထဲ ဘာလာလုပ်တာလဲ... ချင်းရှစ်ယောင်ကို ရောင်းစားဖို့လား ... မင်း ဒုစရိုက်လုပ်နေတာတော့ မဟုတ်ပါဘူးနော်"

ယန်ကျင်းဟွာ တစ်လမ်းလုံး ပေါက်ပေါက်ဖောက်လာသလာက် သွမ့်မုရှီ တစ်ခုမှပြန်မပြော ... သူလည်း တော်တော်မောနေလောက်ပြီ ...။ ဒီတော့ ချင်းရှစ်ယောင်က ဒိုင်ခံဖြေရှင်းသည်။

"Hey stupid !! ရှီအော်က ငါ့ကို ဘာလို့ရောင်းစားရမှာလဲ... မသိရင်လည်း မှတ်ထား ... ဒီ ကျင်းလင်တောအုပ်တစ်ခုလုံးကို သွမ့်မုအိမ်တော်က ပိုင်တယ်... သဘောပေါက်ပြီလား"

Soul Contract (Volume I, MM Translation)Where stories live. Discover now