(Unedited) The Last Contract

8.8K 713 132
                                    

Soul Contract (The Last Contract)

အမှောင်ထုက ယန်ကျင်းဟွာရဲ့ ပတ်ပတ်လည်ကို လွှမ်းမိုးထားလေသည်။

"ကျင်းဟွာ ... သားလေး ..."

ထိုအမှောင်အတွင်းမှ သူ့နာမည်အား ကြင်နာစွာ ခေါ်သံကို ကြားလိုက်ရသည်။ အင်မတန် ရင်းနှီးခဲ့ဖူးသော အသံ။ အင်မတန် ကြားချင်နေခဲ့သော အသံ။

"ဖေဖေ ... "

"လာ သားလေး ... သွားကြစို့"

အလင်းဖျော့ဖျော့လေး ပေါ်ပေါက်လာပြီး သူ့ရဲ့မိဘနှစ်ပါးလုံးက ပြုံးပျော်ရွှင်စွာ လက်ကမ်းခေါ်နေသည်။ အလင်းဖျော့ဖျော့ရဲ့တစ်ဖက်အလွန်မှာ အလွန်လှပသော ဝန်းကျင်တစ်ခုအသင့်ရှိနေသည်။

သူကြားခဲ့ဖူးသော ကောင်းကင်ဘုံဆိုသည့်အရာများ ဖြစ်နေလေမလား …။

"မေမေ ..."

"လာလေ သားရဲ့ ... ဘာတွေ ငေးနေတာလဲ"

မိခင်ဖြစ်သူ ကမ်းပေးလာသော လက်ကို လှမ်းဆွဲဖို့ သူလက်ဆန့်ထုတ်ပေးလိုက်စဉ်မှာပင် _

'ကျင်းဟွာ ... မင်းရှိနေသေးတာ ငါသိတယ် ... ပြန်လာခဲ့ပါ ... နော် ... ကျင်းဟွာ'

ယန်ကျင်းဟွာ တစ်ချက်ထွေသွားသည်။

"ကျွန်တော် ... ဟို ..."

"လိုက်သွားလေ ကျင်းဟွာ ... ဒီလောကမှာ နေရင် မင်းအတွက် ဘာမှကောင်းလာမှာ မဟုတ်ဘူး"

အနောက်က တွန်းအားပေးသည့် အသံတစ်သံကို ထပ်ကြားလိုက်ရပြန်သည် ။ ထိုသူကား _

"တမူလုယွီ ..."

တမူလုယွီ ရှင်သန်နေပြီဆိုလျှင် တမူရှီများ တစ်ခုခု … ဖြစ်နေမလား …။

"သွားကြစို့ သား ... အချိန်မရှိဘူး ... မေမေတို့ အတူပြန်နေကြမယ်လေ"

'ကျင်း ...ဟွာ ...... ပြန် .. ခဲ့ ... ပါ'

တစ်ဖက်က မိဘနှစ်ပါး … တစ်ဖက်က တမူရှီ …
သူ ဝေခွဲရကြပ်လှသည်။

"သားက ဖေဖေတို့နဲ့ အတူမနေချင်ဘူးလား"

"ကျွန်တော် နေချင်ပါတယ်!! ဒါပေမယ့် တမူရှီ ... သူ ... သူ တစ်ယောက်တည်း ဖြစ်နေမှာပေါ့"

"ဟုတ်တယ် ... သူ့အနားမှာ ကျွန်တော်ရှိနေမှ ဖြစ်မှာ"

ယန်ကျင်းဟွာ မိဘနှစ်ပါးကို ကျောခိုင်းထွက်ခွာရင်း … တမူလုယွီကို ဖြတ်ကျော်သွားရင်း တမုရှီရဲ့အသံလာရာဘက်ကို တစ်လှမ်းစီလျှောက်သွားလေသည်။

Soul Contract (Volume I, MM Translation)Where stories live. Discover now