Soul contract (The sixth contract)
ယန်ကျင်းဟွာတစ်ယောက် အခန်းထဲက နှင်ထုတ်ခံရပြီးနောက် တမူရှီအိပ်ခန်းဆောင်ရဲ့ ခေါင်မိုးထပ်ကို တက်လာခဲ့သည်။
"လူယုတ်မာ တမူရှီ !! ပေ ၁၈၀ က သူ့အိပ်ခန်းဆောင် အပြင်ဘက်ကိုတောင် ရွေ့လို့မရဘူး...တစ်ယောက်တည်းနေဖို့ကို အဲ့လောက်ထိ အကျယ်ကြီးဆောက်ထားရလား"
ငုတ်တုပ်လေးထိုင်နေရင်း _
"သူဒေါသထွက်တာ တကယ်ကြောက်ဖို့ကောင်းတယ် ... နေ့တိုင်းသာ ဒီလိုအအော်ခံရမယ်ဆို ငါတော့သေမှာပဲ ... အာ ... မေ့လို့ ... ငါက သေပြီးသားကြီးပဲကို"
ထိုင်နေရင်း ပက်လက်လှန်ချလိုက်ပြီး ကောင်းကင်ပေါ်က ကြယ်တွေကို ငေးကြည့်ရင်း ...
"တမူရှီ ... ဥစ္စာပေါ ... ရုပ်ချော ... အရည်အချင်းကလည်းရှိ ... အခြွေအရံကလည်း များလိုက်တာ... လောကကြီးမှာ လူနှစ်ယောက်က ဘာဖြစ်လို့ ဒီလောက်ထိ ကွာခြားနိုင်ရတာလဲ ..."
တဖြည်းဖြည်း အတွေးတို့ကျယ်လာကာ သူ့ဘဝကိုသူ ကြိတ်မနိုင်ခဲမရ ဖြစ်မိသည်။
"ငါ ဒီလောကထဲမှာ ဆက်နေရတဲ့ အကြောင်းရင်းက ဒါပဲလား... ဒီလိုနေဖို့လား ... အဓိပ္ပာယ်မဲ့လွန်းတယ်ကွာ ... ငါ သေသာသေလိုက်ချင်ရဲ့ ...လခွမ်းတွေ!! သေလို့မရလို့ပေါ့ကွာ..."
စိတ်ပျက်လက်ပျက်နဲ့ ခေါင်မိုးထပ်မှာ လူးလိမ့်နေတော့သည်။ ထိုစဉ် သဘာဝမဆန်တဲ့ လေတစ်ချက် ဝေ့ကာတိုက်ခတ်သွားပြီးနောက် ...
"ဟေး Soul image ...နင် ရူးနေတာတော့ မဟုတ်ပါဘူးနော်"
အသံချိုချိုလေးနဲ့အတူ ချစ်စဖွယ် ကလေးမလေးတစ်ဦး ခေါင်းမိုးထပ်သို့ ရောက်ရှိလာသည်။
"မြတ်စွာဗုဒ္ဓေါ !!ဘယ်က ကလေးမလေးတုန်း"
"တိတ်စမ်း!! ငါ့နာမည်ဟွာယု ...ဒီ JingLing တောအုပ်ရဲ့ မြေနတ်သမီး"
အစိမ်းရောင်ဂါဝန် အစိမ်းရောင်ဆံပင်ရှည်တွေနဲ့ ထိပ်တည့်တည့်မှာ ပေါက်နေတဲ့ အနီရောင်ပန်းပွင့်နဲ့ သူမက မြေနတ်သမီးဆိုတာ ယုံချင်စရာတစ်စက်မှ မရှိ။ ကြာရွက်ကို ထီးလုပ်ဆောင်းထားတာက ပိုဆိုးသွားသည်။
YOU ARE READING
Soul Contract (Volume I, MM Translation)
FanfictionI'm sorry, Jinghua. I couldn't make a proper contract with you before. From now onwards, your suffering, your happiness and everything, I'll accept them all gladly. - Daunmu Xi -