(Unedited) Fourteenth Contract

5.8K 632 123
                                    

A/N ; I'm Back ပါနော် :P စောင့်နေပေးတာ ကျေးဇူးပါ … Enjoy your update ^^^
.
.
.
.
.
.
.
.
Wait !!! Xi လေး သေမှာလားဆိုတော့လေ No spoiler နော် :p  မူရင်း Mangaka ကိုယ်တိုင်က ဘားးမှပြောဘူး (well, she did leave the hint and so did I. Maybe you just skip them. Don't worry !!! The ending won't make your cheek wet. I promise!!)

.
.
.
.
.
.

Soul Contract (Fourteenth Contract)

"ယန်ကျင်းဟွာ !!"

တမူစီးယွင် သွေးစွန်းနေသော လုယွီဓားကို ဆုပ်ကိုင်လျက် ယန်ကျင်းဟွာကို အပြစ်ပေးဖို့ လုပ်တော့သည်။

"မမလေး ! စိတ်ထိန်းပါ !! သခင်လေးရဲ့ အမိန့်ကို မေ့သွားပြီလား"

စီးမင်က ဘေးကနေ အတင်းကို ဆွဲထိန်းထားရသည်။ ဘာဖြစ်ဖြစ် တမူရှီရဲ့ အမိန့်ကို သူတို့ လွန်ဆန်ခွင့်မှ မရှိကြပဲ …။

'ယန်ကျင်းဟွာဟာ ငါ့ရဲ့ Soul image … သူ့ရဲ့ အပြစ်မှန်သမျှကို ငါကလွဲပြီး တခြားဘယ်သူမှ အပြစ်ပေးခွင့်မရှိဘူး'

စီးယွင် ဒေါသမပြေသေးပေမယ့် မာန်လျော့ရပြန်သည်။ တမူရှီက ဘာဖြစ်လို့ ဒီလောက်အထိတောင် ဒီ Soul image ကို အသည်းအသန် ကာကွယ်နေရတာလဲ …

ကြိုတင်ပေးခဲ့တဲ့ အမိန့်စကားတွေဟာ ဒီလိုကိစ္စတွေ ဖြစ်လာမှာ ကြိုသိနေလို့လား …

"တောက် ! တမူရှီ !! ဒီတစ်ယောက်နဲ့ကတော့ !!"

---

သီးသန့်အခန်းတစ်ခုအတွင်း ကြမ်းပြင်ပေါ်မှာ ဖြစ်တည်နေသော Yin/Yang စက်ဝိုင်းရဲ့အလယ်တည့်တည့်မှာတော့ သွေးတွေပေကျံလျက် တမူရှီ လဲကျနေသည်။ ဘေးပတ်ပတ်လည်ကနေ တမူအိမ်တော်ရဲ့ အမှုထမ်း၈ဦးက ဖယောင်းတိုင်တစ်တိုင်စီ ကိုင်လျက် ဝန်းရံထား၏။

ထိုအဖြစ်အပျက်ကို ယန်ကျင်းဟွာတွေ့သော် _

"မင်းတို့ ဘာလုပ်နေကြတာလဲ !! ဆေးရုံမပို့ဘူးလား !! ဒီအတိုင်းဆို သွေးထွက်လွန်ပြီး _"

"တိတ်စမ်း ယန်ကျင်းဟွာ!!"

သူ့စကားမဆုံးခင် စီးယွင် ဒေါသတကြီး အော်ဟစ်တော့သည်။

"နင် Yangming သခင်ရဲ့ Soul image လုပ်ပြီး သူ့အကြောင်းဘာမှ မသိဘူးလား!!"

Soul Contract (Volume I, MM Translation)Where stories live. Discover now