Meaning of Heather Ch-2

1.2K 123 0
                                    

Unicode

(zawgyi below)

Jaehyun's POV

ကျနော်နဲ့ Taeyong hyung နဲ့က ၇ နှစ်လောက်ကွာတဲ့ အိမ်နီးချင်းတွေ

Taeyong hyung က ၂၇

ကျနော်က ၂၀

အိမ်ချင်းကပ်လျက်ဖြစ်နေတဲ့အပြင် မိဘတွေကလည်းအတော်လေးကိုရင်းနှီးကြတယ်။

Taeyong ရဲ့အဖေ အမေ တွေကလည်း တော်တော်လေးစိတ်ထားကောင်းကြတယ်။ မိဘတွေကဒီလိုစိတ်ထားကောင်းလို့လည်း သားဖြစ်သူကပါယဉ်ကျေးပြီးသဘောကောင်းနေတာ။

ကျနော်အသက် ၁ နှစ်အရွယ်လောက်မှာအမေကသူ့လုပ်ငန်းခွင်ထဲပြန်ဝင်ရတယ်။ ကျနော့်အမေက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာမန်နေဂျာ။ ကျနော့်ကိုစပြီးကိုယ်ဝန်ရတဲ့အချိန်ကနေ ကျနော် ၁ နှစ်သားအထိအမေကအလုပ်ကနေအနားယူပြီး ကျနော့်နားမှာပဲနေတယ်။ ဒါပေမယ့် အဖေ့စီးပွားရေးကလည်းအကောင်းကြီးမဟုတ်တော့အမေက သူ့အလုပ်သူပြန်ဝင်မှရမယ့်အခြေအနေဖြစ်လာတယ်။

အိမ်ချင်းကပ်လျက်ဖြစ်နေတဲ့ Taeyong တို့ဆီကို အမေကသူအလုပ်သွားရင်ကျနော့်ကိုအမြဲပို့ထားတတ်တယ်။ အဖေရော အမေရော အလုပ်သွားနေတတ်တဲ့အိမ်မှာကျနော်တစ်ယောက်တည်းမနေရဲသလို အမေကလည်းအိမ်မှာကျနော့်ကိုတစ်ယောက်တည်းထားခဲ့ဖို့စိတ်မချခဲ့ဘူး။

အိမ်နီးချင်းဖြစ်တဲ့ Taeyong တို့အိမ်မှာထားခဲ့တာကိုအကောင်းဆုံးနည်းလမ်းအဖြစ်အမေကရွေးချယ်ပြီးကျနော့်ကို Taeyong တို့အိမ်မှာအပ်ခဲ့လေ့ရှိတယ်။

ပထမတော့ သူစိမ်းအိမ်မို့လို့အာဗြဲနဲ့ငိုနေမိပေမယ့် ရက်ပိုင်းလောက်မှာတင် Taeyong hyung ကကျနော့်ကိုနွေးနွေးထွေးထွေး စောင့်ရှောက်ပေးတော့ နေသားကျလာတယ် Taeyong တို့အိမ်ကိုလည်းပိုပြီးခင်လာတယ်။

ကျနော်ကအရမ်းငယ်သေးလို့ ကလေးထိန်းရုံသက်သက်သာမဟုတ်ဘဲဝေယာဝစ္စတွေအကုန်သိမ်းကျုံးလုပ်ပေးတာလည်း Taeyong ပဲ

သူသာလျှင်ကျနော့်ရဲ့ကလေးထိန်း

သူသာလျှင်ကျနော့်ရဲ့ကစားဖော်

သူသာလျှင်ကျနော့်ရဲ့အုပ်ထိန်းသူ

သူသာလျှင်ကျနော့်ရဲ့အစ်ကို

Meaning of Heather Dove le storie prendono vita. Scoprilo ora