Meaning of Heather Ch-26

726 70 5
                                    

Unicode

(zawgyi below)

Jaehyun's POV

လက်နဲ့ဗိုက်အောက်စပ်နားက နာကျင်မှုကိုကျနော်သိလိုက်ရတာနဲ့တပြိုင်နက် ကျနော့်မြင်ကွင်းတွေပြန်လင်းလာတယ် ကျနော်သေပြီးကောင်းကင်ဘုံရောက်သွားတာလား ဒါမှမဟုတ်မသေသေးတာလား မျက်လုံးအတွင်းသားထဲကစူးရှသောအလင်းတန်းတချို့ကိုခံစားလိုက်ရပြီးတဲ့နောက်မှာ ကျနော်ဆိုတဲ့လူကလောကကိုနောက်တခေါက်ပြန်ဝင်လာခဲ့ပြီဆိုတာသိလိုက်ရတယ်

လောကကြီးကအမြဲကံတရားရဲ့ဘက်တော်သားဖြစ်နေခဲ့တာပဲ...

စိတ်ဒဏ်ရာရော ခန္ဓာကိုယ်ဒဏ်ရာကြောင့်ပါမချိမဆန့်နာကျင်နေသူ ကျနော့်ကိုသေခွင့်မပေးနိုင်သေးဘူးနော်..

"Jaehyun သတိရလာပြီလား"

ချိုသာသော်လည်း ကျနော်လိုချင်သောချိုမြိန်မှုထက်အဆင့်နိမ့်နေသောအသံကြောင့် ကျနော်မြင်ချင်နေတဲ့သူကကျနော့်မေးနေတာမဟူတ်ဘူးဆိုတာသိလိုက်ရတယ်

ကျနော်ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့ ကျနော့်ကိုထိုင်စောင့်နေတဲ့ Yuta ကိုတွေ့လိုက်ရတယ်

"မင်းသွေးထွက်လွန်ပြီးမေ့လဲသွားတော့ Taeyong ကငါ့ဆီဖုန်းဆက်ခေါ်လို့ မင်းအိမ်ကိုငါရောက်လာတာ"

"....."

"အဲ့ဒါနဲ့အမြန် မင်းကိုဆေးရုံပို့လိုက်ရတာ"

"Taeyong အခုဘယ်မှာလဲ?"

အသိစိတ်ဝင်လာကတည်းကစိုးမိုးနေခဲ့သော ချစ်ရသူ ရှိနေတဲ့တည်နေရာကို GPS သဖွယ်လိုက်နေချင်မိပြန်တယ်

"အိမ်မှာပဲ မင်းကိုဆေးရုံတင်တော့သူလိုက်မလာဘူး"

အသိဝင်လာချင်းမှာပဲ သူ့ဥပေက္ခာပြုမှုကို သကြားလုံးအဖြစ်ကျေနပ်စွာလက်ခံခဲ့ရတယ်

"နောက်လလောက်ဆိုရင် Taeyong ကခွဲစိတ်ရတော့မှာ! ငွေပြန်လိုနေပြီ"

"အခုအဲ့အကြောင်းမစဉ်းစားသေးဘဲ မင်းလက်ဒဏ်ရာကိုတချက်လောက်လှည့်ကြည့်ပါဦးလား လက်ဖျံကနေ လက်မောင်းထိဓားခွဲခံထားရတာကိုနည်းနည်းစိတ်ပူစမ်းပါ နောက်ပြီး မင်းရဲ့ကျောက်ကပ်နားကချုပ်ရိုး...."

Meaning of Heather Where stories live. Discover now