Meaning of Heather Ch-8

927 83 4
                                    

Unicode

(zawgyi below)

Jaehyun's POV

"ဘာာ?" (shout)

သူ့မျက်လုံးနဲ့လေသံကနေ သူ့ဒေါသပမာဏဘယ်လောက်ကြီးလဲသိနေပေမယ့်ကျနော်မျက်စိစုံမှိတ်ပြီးရှေ့ဆက်တိုးခဲ့တယ်

"ဟုတ်တယ် ကျနော် Hyung ကိုချစ်တယ်။ ရင်ထဲမှာတစ်ခါမှမခံစားရဖူးတဲ့အချစ်နဲ့ကိုချစ်တာ ကျနော် Hyung ကိုအမြဲချစ်နေခဲ့တာ"

"Jaehyun!!!! မင်းစော်ကားလှချေလား" (shout)

"အဲ့လိုမဟုတ်ဘူး! ကျနော့်ရင်ထဲကခံစားချက်ကို hyung ကိုသိစေချင်ရုံသက်သက်အပြင်ဘာမှမပိုခဲ့ဘူး ကျနော် hyung ကိုငယ်ငယ်လေးကတည်းကချစ်ခဲ့တာ ဒါပေမယ့် ငယ်ရွယ်လွန်းတဲ့အသိဉာဏ်က ဒါကိုအချစ်လို့ နားလည်ရလောက်အောင် ဗဟုသုတမပြည့်သေးခဲ့လို့ ..... နားလည်လာတဲ့အချိန်မှာ Hyung ကိုဖွင့်ပြောဖို့ကြောက်နေခဲ့ရတာ"

ထိုင်နေရာကနေ Taeyong ထလိုက်ပြီးကျနော့်ကိုစိုက်ကြည့်လျက် လက်ညှိုးထိုးပြီး

"Jaehyun မင်းလွန်သထက်လွန်လာပြီ! သေချာမှတ်ထား မင်းကငါ့ကိုချစ်တယ်ဆိုရင် ငါက Ten ကိုချစ်တယ် ဒါက ငါတို့၃ယောက်ကြားကရိုးရှင်းလွန်းတဲ့နိယာမပဲ! အတည်ပြုပြီးသားနိယာမတစ်ခုကိုမင်းဘယ်တော့မှ ပြုပြင်လို့မရဘူး။ မလိုက်နာလို့လည်းမရဘူး"

သူကမတ်တပ်ရပ်ရင်းပြောနေလို့ကျနော်က ကြမ်းပြင်မှာထိုင်နေလျက်သာမော့ကြည့်ပြီးပြန်ပြောလိုက်တယ်

"Hyung ကမှတရားလွန်တာမဟုတ်လား? လူမှန်းမသိတတ်သေးတဲ့အရွယ်ကတည်းက Hyung ကိုချစ်နေရတဲ့ကျနော့်ကိုမကြည့်ဘဲ အခုမှရောက်လာတဲ့လူကို hyung ရွေးချယ်တာက...."

"အချစ်မှာ မတရားတာမရှိဘူး ! နောက်ပြီး အချစ်ကို အချိန်နဲ့တိုင်းတာပြပြီးဘယ်လောက်ကြီးမားကြောင်းသက်သေပြလို့မရဘူး"

ကျနော့်ရှေ့က ထွက်သွားတဲ့ Taeyong ကိုကျနော်နောက်ပြန်လှည့်ကြည့်ဖို့အားမရှိတော့...

ဘယ်ဘတ်ရင်အုံက ရှိန်းတိန်းရှိန်းတိန်းနဲ့...

စောနကပြုတ်ထွက်သွားတဲ့ နှလုံးသားတံခါးကနေသွေးတွေယိုစိမ့်ထွက်လာခဲ့ပြီနဲ့တူပါတယ်.....

Meaning of Heather Where stories live. Discover now