Meaning of Heather Ch-25

733 77 7
                                    

Unicode

(zawgyi below)

Jaehyun's POV

ညဘက်ရောက်တဲ့အထိ နာကျင်လွန်းတဲ့ဒဏ်ရာတွေကိုမေ့ပြီး Taeyong နားမှာသူ့အလိုကျလိုက်လုပ်ပေးနေခဲ့တယ်....

တဖြည်းဖြည်းမှောင်လာတဲ့အမှောင်ထုကိုကျနော် ပြတင်းပေါက်ကတစ်ဆင့်တွေ့ရပါရဲ့။

အိပ်စက်အနားယူနေပြီဖြစ်တဲ့ Taeyong ကြောင့်ဧည့်ခန်းမှာသာကျနော်ဆိုဖာကိုကျောမှီရင်းအမောဖြေနေမိတယ် ကျနော့်ရဲ့လက်ဖဝါးက ဗိုက်အောက်စပ်ဘယ်ဘက်နားကိုအုပ်ထားမိတယ် ကျနော်မှတ်ယူထားတဲ့အရမ်းလှပတဲ့နာကျင်မှုတွေပေးနေတဲ့ချုပ်ရိုးဒဏ်ရာက တနေ့ထက်တနေ့ပိုပိုဆိုးလာတယ် ထိလို့တောင်မရတော့တဲ့ဒီအရောင်အရမ်းကနေပိုးဝင်သွားမှာတောင်စိုးရိမ်ရတယ်

ချစ်ရလွန်းပါတယ် ဆိုတဲ့စကားလေးကနားထောင်လို့သာကောင်းတာ တကယ်ခံစားရတဲ့လူကမချိတင်ကဲတွေဖြစ်နေရတာ

"တင်းးးတောင်" (bell ring)

ဧည့်ခန်းတစ်ခွင်ပျံ့နှံ့လာတဲ့ bell သံကကျနော့်နားထဲစူးခနဲရယ်

"ဒါ Lee Taeyong ရဲ့အိမ်လားမသိဘူး"

နေကာမျက်မှန်ကိုတပ်ထားတယ် နီရဲတောက်နေတဲ့နှုတ်ခမ်းတစ်စုံက အလိုလိုနေရင်းနဲ့ဆွဲဆောင်မှုရှိနေတယ် စိန်သဖွယ်တလက်လက်ဖြစ်နေတဲ့ glitter တို့နဲ့စီခြယ်ထားတဲ့ ၄ လက်မခန့်ရှိသောဒေါက်မြင့်ဖိနပ်ကိုချွတ်လိုက်ပြီး ဧည့်ခန်းထဲကိုတိုးဝင်လာတယ်

သိန်းကျော်တန် bag အိတ်ကိုလက်မှာချိတ်ထားသေးတယ်

ဟုတ်ပါတယ် လို့တောင်မဖြေရသေးဘဲ ထေါင်းတစ်ချက်ညိတ်မှုနဲ့တင် အိမ်ထဲကိုတိုးဝင်လာတဲ့ ခပ် hot hot အမျိုးသမီးတစ်ယောက်ကြောင့်ကျနော်စိတ်ရှုပ်သွားရတယ် အနက်ရောင်ဘောင်းဘီအတိုကိုဝတ်ထားတာကြောင့်သွယ်စင်းနေတဲ့ပေါင်တံတို့အလှကအထင်အရှား။ သူဘယ်လောက်ပဲလှနေပါစေ hot နေပါစေ သူ့နှုတ်ခမ်းက Lee Taeyong ဆိုတဲ့နာမည်ကိုမထွက်စေချင်ဘူး

ကျနော့်ကိုကျော်ပြီး ဧည့်ခန်းမှာတင် Taeyong ကိုလိုက်ရှာနေတဲ့ ဒီမိန်းကလေးကိုကျနော်စိတ်ဆိုးမိတာအမှန်။

Meaning of Heather Where stories live. Discover now