Meaning of Heather Ch-12

794 80 6
                                    

Unicode

(zawgyi below)

Ten's POV

"ဟင်? ပြန်လာပြီလား?"

Taeyong ရဲ့မနေ့ကဝတ်အိပ်ခဲ့တဲ့ hoodie အကျီကိုကျနော်အကျီချိတ်မှာ ချိတ်ရင်း အခန်းထဲဝင်လာတဲ့ Taeyong ကြောင့်အံ့သြသွားလို့မေးလိုက်တယ်

ကျနော့်အိမ်မှာသူလာနေနေလို့ အချိန်မရွေးဝင်ထွက်လို့ရအောင်အိမ်သော့ပေးထားတာမို့အခုလည်းသူ့ဘာသာအိမ်ထဲဝင်ရောက်လာခြင်းဖြစ်သည်။

"အင်း"

"မင်းအတွက် ငါ pad thai လုပ်ပေးထားတယ် တခါတလေတော့လည်း ထိုင်းအစားအစာလေးစားကြည့်စေချင်လို့"

"အင်း"

"ဘာလို့အစောကြီးပြန်လာတာလဲ?"

ဆိုဖာပေါ်ထိုင်ချလိုက်တဲ့သူ့ကို ကျနော်ကိုယ်တိုင်လုပ်ထားတဲ့ pad thai သွားချပေးလိုက်တယ်

"အေး ဟိုကောင်ငါ့ဆိုင်ထိရောက်လာတယ်ကွာ ပြီးတော့...."

စကားကိုရှေ့မဆက်တော့ဘဲ pad thai ကိုသာယူစားနေတာကြောင့်ကျနော်ဆက်မေးလိုက်တယ်

"ပြီးတော့ ဘာဖြစ်လဲ"

"ဘာတွေမှန်းမသိတဲ့ပေါက်ကရတွေပြောနေလို့ ကျက်သရေယုတ်ပါတယ်ကွာ ဆိုင်မှာတောင်ဆက်နေချင်စိတ်မရှိတော့လောက်အောင်ကိုလုပ်လိုက်လို့ပြန်လာတာ"

"သူ့အကြောင်းတွေးမနေနဲ့တော့လေ pad thai ကိုပဲသေချာစား စိတ်ညစ်နေတာတွေပျောက်သွားလိမ့်မယ်"

"ထင်ရတာပဲ"

"စားပြီးရင်ခဏအိပ်နှင့်တော့မယ်"

"အင်း စားပြီးရင်ပန်းကန်ချထားလိုက် ငါပဲရှင်းလိုက်မယ်"

အချစ်ဆိုတဲ့အက္ခရာကို နှလုံးသားနဲ့ရေးရတဲ့အခါ ကျနော်မကြုံဖူးတဲ့အခက်အခဲတွေကိုရင်ဆိုင်လာရတယ် ရေးခဲ့တဲ့ "အချစ်" ဆိုတဲ့စာလုံးက ၂ လုံးဖြစ်နေခဲ့လို့

•flashback

ဘန်ကောက်မြို့ရဲ့ကျောင်းတစ်ကျောင်းမှာပညာသင်ရင်းး ကျနော်မိန်းကလေးတစ်ယောက်ကိုအရမ်းစွဲလန်းရတဲ့အထိချစ်ခဲ့ဖူးတယ်

သူကကျနော့်ဘဝရဲ့နတ်သမီးဖြစ်ခဲ့ရသလို သူနဲ့အတူရှိနေရတယ်ဆိုတဲ့အသိစိတ်ကလေးကြောင့်မနက်ဖြန်ပေါင်းများစွာကိုအဆုံးမရှိဘဲအသက်ရှည်ချင်တဲ့လောဘစိတ်လည်းတက်လာတတ်တယ်

Meaning of Heather Where stories live. Discover now