Meaning of Heather Ch-17

648 62 3
                                    

Unicode

(zawgyi below)

Jaehyun's POV

နာရီသံတို့က တချက်ချက်နှင့် ညသန်းခေါင်ကျော်သွားပြီဖြစ်သည်

အခုထိအိပ်စက်နေနိုင်လွန်းတဲ့ Taeyong ရဲ့ဝိဉာဉ်ကအခုချိန်မှာ သေမင်းနဲ့များစစ်တိုက်နေရတာလား? ကြံကြံဖန်ဖန်တွေးပြီးစိတ်ပူနိုင်လွန်းတဲ့ကျနော်ကလည်းတုန့်ပြန်ခြင်းမရှိသော သူ့အိပ်စက်မှုကိုသာအရသာခံရင်းကြည့်နေမိပြန်တယ်

အပ်ပေါက်ရာနဲ့ drip ပိုက်တွေချိတ်ထားတဲ့သူ့ရဲ့လက်တွေကိုဆုပ်ကိုင်ထားတယ် ကျနော့်လက်ကိုဆတ်ခနဲခါပြီးဆွဲရုန်းလိုက်မယ့်အချိန်လေးကိုကျနော်စောင့်နေမိတယ်

သေမင်းကသူ့လက်ထဲကစာရင်းမှာပါဝင်နေတဲ့လူတွေကိုအပိုင်သိမ်းနိုင်တယ်တဲ့

အဲ့စာရင်းထဲမှာ Taeyong ပါနေခဲ့ရင်တောင်မှ သေမင်းဆီကစာရွက်ကိုလုယူပြီးဆွဲဖြဲရင်းနဲ့ သူ့ကိုယ်စားကျနော်ဓားစက်အောက်မှာလည်စင်းပေးလိုက်ပါ့မယ် သူ့နှလုံးသားကိုဘယ်သူမှငြိမ်သွားအောင်လုပ်လို့မရဘူး..

"အကို အိပ်တော့လေ လူနာလည်းသတိရလာသေးတာမှမဟုတ်ဘဲ လူတွေအကုန်အိပ်နေကြပြီ"

Taeyong ရဲ့အခြေအနေကိုလာကြည့်တဲ့ အဖြူရောင် Uniform ဝတ်ထားတဲ့ nurse လေးကကျနော့်ကိုသတိပေးလာတယ်

ကျနော်ဘေးဘီကိုကြည့်လိုက်တော့အရေးပေါ်ဌာနမှာရှိတဲ့ nurse တွေရော night duty ကျတဲ့ဆရာဝန်လေးတွေရော ကုလားထိုင်ကိုယ်စီမှာငိုက်မြည်းရင်းဖြစ်သလိုအိပ်နေကြပြီဖြစ်သည်။ အရေးပေါ်ဌာနမို့လို့အခြားလူနာတွေပါရှိနေကြတယ် လူနာတွေရော လူနာစောင့်တွေပါ ခေါင်းမှောက်ရင်းအိပ်နေကြပြီ ကျနော်တစ်ယောက်တည်း Taeyong သတိရလာတာကိုမျှော်လင့်ချက်ကြီးကြီးနဲ့စောင့်နေမိပြမအိပ်သေးတာ

"ရပါတယ် ကျနော်ကဇီးကွက်လေ haha"

ဟာသနှောကာပြောလိုက်ပေမယ့် ကျနော်အိပ်ဖို့မေ့နေပြီး Taeyong ကိုစိတ်ပူလွန်းလို့မျက်တောင်မခတ်စိုက်ကြည့်နေခဲ့တာကို ဘယ်သူမှမသိနိုင်ပါဘူး

သူ့စပြီးရှင်သန်နိုးထလာတာလေးကိုကျနော့်မျက်လုံးနဲ့ကိုယ်တိုင်တွေ့ချင်တယ်

Meaning of Heather Where stories live. Discover now