Meaning of Heather Ch-14

719 74 9
                                    

Unicode

(zawgyi below)

Ten's POV

ဆောင်းတွင်းအအေးဓာတ်ကပြင်းထန်ပေမယ့် ဆောင်းအလှဖြစ်တဲ့ ဖြူစင်လွန်းတဲ့နှင်းခဲလေးတွေကမြေခပေမယ့်လှရက်လွန်းတယ်

အေးစိမ့်လွန်းတဲ့နှင်းခဲတွေ နီးတယ်လို့ထင်ရပေမယ့်ဝေးလွန်းတဲ့ ကောင်းကင်ထက်ကနေမြေပြင်ပေါ်ကျနေလျက်ရှိတယ် အေးစိမ့်လွန်းတဲ့ရာသီဥတုကြောင့်အိပ်နေတဲ့အိပ်ရာပြင်ပေါ်မှာတောင်ဟိုဘက်ကနေဒီဘက်တောင်မလှိမ့်ချင်ဘူး

ငြိမ်နေရာကနေလူးသွားတဲ့ အိပ်ရာပြင်ကြောင့်ကျနော်အိပ်နေရာကနေအသိစိတ်ဝင်သွားတယ်

မဖွင့်နိုင်သေးတဲ့မျက်လုံးကြောင့်ကျနော်ဆက်အိပ်မယ်လို့လုပ်လိုက်တယ်

ဘယ်ဘက်လက်ကို ကျနော်ဘေးဘက်ချလိုက်မိတဲ့အခါမှာ ထိတွေ့မိတဲ့အရာက အိပ်ရာပြင်သာဖြစ်နေပြီးကျန်တာဘာမှရှိမနေတာကြောင့်ကျနော်စိုးရိမ်ထိတ်လန့်မှုနဲ့ မျက်လုံးဖွင့်ပြီးကြည့်လိုက်မိတယ်

ကျနော့်ဘေးမှာအိပ်နေတဲ့ Taeyong များထွက်သွားပြီလားဆိုတဲ့စိုးရိမ်မှုကြောင့်

အိပ်ရာရဲ့တစ်ဖက်စွန်းမှာထိုင်နေတဲ့ Taeyong ကိုမြင်လိုက်ရမှရင်ထဲပေါ့သွားတယ် ဒါပေမယ့် ဘေးဘက်စားပွဲပေါ်ကဆေးဗူးတွေကိုဖောက်ပြီး ကတုန်ကယင်နဲ့သောက်နေတဲ့သူ့လက်တွေကိုမြင်လိုက်ရတာကြောင့် ကျနော်အမြန်ဆုံးသူ့ဘက်ကိုသွားမိလိုက်တယ်

"ခွမ်းးး"

ဆေးပုလင်းကသူ့လက်ထဲကလွတ်ကျတဲ့အချိန်မှာဆေးလုံးတွေကကြမ်းပြင်ပေါ်မှာမလှပစွာပြန့်ကြဲသွားတယ်

"Taeyong!!"

သူ့နာမည်ကိုကျနော်စိုးရိမ်တကြီးခေါ်လိုက်မိတယ်

"ဆေးသောက်ပြီးပြီလား?"

သူဆေးသောက်လိုက်တာကိုမြင်လိုက်ပေမယ့်ကျနော်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲမေးနေမိတုန်း!!

ကုတင်ပေါ်မှာထိုင်နေတဲ့သု့ကိုကျနော်ကြမ်းပြင်ကနေဒူးထောက်ရင်းမော့ကြည့်နေမိတယ် တုန်ယင်နေတဲ့သူ့လက်တွေကိုကျနော်စုပ်ကိုင်လိုက်တယ် သူ့မျက်ဝန်းထဲကိုကြည့်လိုက်မိတော့ စူးရှလွန်းတဲ့မျက်ဝန်းတွေကဝိဉာဉ်မဲ့နေခဲ့့ပြီ

Meaning of Heather Where stories live. Discover now