Meaning of Heather Ch-16

590 60 0
                                    

Unicode

(zawgyi below)

Taeyong's POV

ကျနော့်မျက်လုံးတွေကိုဖြည်းဖြည်းချင်းမှိတ်လိုက်တယ်

"ဂျောက်"

ဧည့်ခန်းတံခါးဖွင့်သံ

"Ya Taeyong ဘာ ဘာဖြစ်နေတာလဲ? နှလုံးထဖောက်လို့လား? တစ်ကိုယ်လုံးလည်းအေးစက်နေတာပဲ"

ကျနော့်ရဲ့လက်နဲ့ခန္ဓာကိုယ်ကိုလာထိတွေ့တဲ့လက်နဲ့အတူ ရင်းနှီးနေဖူးတဲ့အသံ

"ဆေးရုံသွားရအောင်"

သူဆွဲကိုင်ထားတဲ့ ကျနော်လက်တွေကိုရုန်းလိုက်တယ်

အားမရှိတော့ပေမယ့် ဒီလောက်တော့မာနတင်းခံရမယ်မလား

"Taeyong မင်းဆေးရုံမသွားလို့မရဘူး မျက်ကွင်းတွေညိုပြီးနှုတ်ခမ်းတွေပြာနေပြီ လာ အမြန်သွားရအောင်"

"Ten မင်းး ဟန်ဆောင် သိပ်ကောင်းလွန်းတယ်.."

မောဟိုက်သံဆိုပေမယ့် မာနသံကအပြည့်ပါတဲ့လေသံနဲ့ကျနော် Ten ကိုပြောလိုက်တယ်

"Taeyong"

"ငါ့ကိုစိတ်ပူမနေဘဲ မင်းအကြင်နာပေးခဲ့တဲ့ ကောင်မလေး အိမ်အပြန်အဆင်ပြေရဲ့လားဆိုတာပဲ စိတ်ပူစမ်းပါ"

ကျနော်ကြမ်းပြင်ပေါ်မှာခွေခွေလေးလှဲနေရင်းနဲ့သာ စကားကိုအားယူပြောခဲ့တယ်

"Taeyong ငါ... ငါတောင်းပန်ပါတယ် ငါမင်းကို အချိန်နှောင်းမှသိစေခဲ့မိတဲ့အတွက်.."

သြော်

ဒါဆို ငါ့ကိုသစ္စာဖောက်တာအခုမှမဟူတ်ဘဲကြာပြီဆိုတဲ့သဘောလား Ten

တဖြည်းဖြည်းကျဉ်းလာတဲ့အသက်ရှူပြွန်ကကျနော့်ကိုနေရခက်စေတယ်

"Taeyong သူက ငါ့ကိုပိုင်တယ်"

ပိုင်တယ်?

လက်ထပ်ထားတာကိုပြောချင်တာလား

"သူနဲ့ငါမနှစ်ကလက်ထပ်ထားတာ"

ကျနော်အကြောင်းပြချက်မဲ့စွာခေါင်းကိုညင်သာစွာညိတ်မိတယ်

မင်းဘာ့ကြောင့်သစ္စာဖောက်တာလဲ ငါ့အချစ်ကဘာဖြစ်သွားလဲ ဆိုပြီးအကြီးအကျယ်အော်ပြောချင်ပေမယ့် 1% သာကျန်တော့တဲ့နှလုံးသားကကျနော့်ရဲ့ခွန်အားတွေကိုအကုန်စုပ်ယူလိုက်တာကြောင့်ကျနော်ပြန်မပြောနိုင်တော့ဘူး

Meaning of Heather Where stories live. Discover now