Meaning of Heather Ch-15

671 72 6
                                    

Unicode

(zawgyi below)

Taeyong's POV

ဆေးရုံ အရေးပေါ်ရောက်ပြီး ၃ရက်အကြာ

အိပ်ရာထဲမှာပဲ မောပန်းနေတဲ့နှလုံးခုန်နှုန်းကိုမားထောင်ပြီးနေနေရတာကိုကျနော်မုန်းတယ်

အနီးကပ်ပြုစုစောင့်ရှောက်ပေးတဲ့ Ten က computer ထက်တောင်ပိုတိကျပြီးလိုလေသေးမရှိတာကြောင့်ကျနော်ကအိပ်ရာထဲလှဲနေရုံသက်သက်သာ။

<<ကျေးဇူးပြုပြီးငါ့နားအရမ်းမကပ်ပါနဲ့ မကျန်းမာသေးတဲ့နှလုံးသားကအခုချိန်ရင်ခုန်လိုက်ရင် ထာဝရငြိမ်သက်သွားနိုင်လို့ပါ>>

တုန်ယင်နေတဲ့နှလုံးသားကို အနီးကပ်ပြုစုနည်းနဲ့ သူနှလုံးသားဆီကအပူဓာတ်တွေပေးပြီးထွေးပွေ့ပေးနေတာ

"ငါအိပ်လိုက်ဦးမယ် မင်းလုပ်စရာရှိတာသွားလုပ်လေ ငါ့စောင့်ဖို့မလိုဘူး"

ကျနော်အိပ်နေတဲ့ကုတင်ဘေးမှာ ကြမ်းပြင်ပေါ်ထိုင်ရင်းကျနော့်ကိုကြည့်နေတဲ့ Ten ကိုပြောလိုက်တယ်

ရင်မခုန်နိုင်သေးတဲ့ နှလုံးသားက အခုကျနော်အသက်ရှင်ဖို့တောင် အတော်လေးအားယူပြီးအလုပ်လုပ်နေရလို့ Ten ကိုကျနော့်နားမှမရှိစေချင်ဘူး

"ငါကလုပ်စရာမှမရှိတာ ! အခုငါ့အလုပ်ကမင်းနားမှာနေပြီးမင်းကိုပြုစုဖို့ပဲလေ"

"ရပါတယ် ငါနေလို့ရတယ်"

"မလိမ်စမ်းပါနဲ့ကွာ မင်းနှုတ်ခမ်းတွေဖြူဖျော့ပြီး မျက်နှာကဒီလောက်ချောင်ကျသွားတာကို အမှန်ဆိုမင်းဆေးရုံမှာနေရဦးမှာ မင်းအတင်းဆေးရုံဆင်းချင်တယ်လုပ်နေလို့ငါဆရာဝန်ကိုမနည်းခွင့်တောင်းလာရတာ"

ကျနော့်ရဲ့ဆံပင်လေးတွေက သူ့လက်ချောင်းကြားထဲရောက်ပြီးနွေးသွားတယ်

"haha နေမကောင်းပေမယ့်လည်း မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ"

သူ့ရယ်သံ သူ့အပြုံး

ကျနော်အသက်ကိုဝဝရှူမိလိုက်တယ်

ငါရင်ခုန်လို့မရသေးဘူး

မင်းငါ့ကိုသတ်နေတာလား ပြုစုပေးနေတာလားမသဲကွဲတော့ဘူး Ten

Meaning of Heather Où les histoires vivent. Découvrez maintenant