Meaning of Heather Ch-28(Final Part)

1.3K 117 10
                                    

Unicode

(zawgyi below )

Taeyong's POV

စက္ကူပုံးထဲကထပ်ထုတ်ယူလိုက်မိတဲ့ photo album လေးတစ်ခု

camera ကိုင်ရင်းဓာတ်ပုံရိုက်နေသောပုံ

စာအုပ်ကိုင်ရင်းဖတ်နေတဲ့ပုံ

ပြတင်းပေါက်ဝမှာလိုက်ကာင်္တဲနေတဲ့ပုံတွေ

အားလုံးကျနော့်ရဲ့ပုံတွေ .....

ကျနော့်နောက်အမြဲလိုက်ပြီးခြေရာခံနေတဲ့ spy တစ်ယောက်အနေနဲ့လည်းသူရှိနေခဲ့တာလား?

သူ့ဘေးမှာကျနော်သိပ်မနေတော့တဲ့အချိန်ကနေစပြီးကျနော့်နောက်လိုက်ရင်း ကျနော့်ပုံတွေကိုခိုးရိုက်ထားခဲ့တာတွေကိုသူ album လိုက်စုထားခဲ့ပြန်တယ် ကျနော့်ရဲ့သက်ဝင်လှုပ်ရှားမှုတွေအားလုံးဟာ သူ့ဆီမှာရှိနေခြင်းက သူ့ရဲ့ရူးသွပ်မှုတွေကိုတဖြည်းဖြည်းပုံဖော်နေခဲ့တယ်

ဝဲတက်လာတဲ့မျက်ရည်တွေကထိန်းလို့မရအောင်ပါးပြင်ပေါ်ကိုစီးကျလာရတယ်

သုတ်လို့မနိုင်တော့တဲ့ကျနော့်မျက်ရည်စက်တွေမြေခခဲ့ရတယ် ကျနော့်အသည်းတွေခံစားရလွန်းလို့မခိုင်တော့ဘူး ကျနော်အရမ်းမှားခဲ့တယ် ပြန်ပြင်လို့မရတော့တဲ့အမှားတွေမှားခဲ့ပြီထင်တယ်

နောက်ထပ်စက္ကူပုံးထဲကထွက်လာတဲ့ စာအုပ်ဟောင်းလေးတစ်ခု

အနက်ရောင် cover ပေါ်ကကျနော့်လက်မှတ်လေး

ဘာမှမပျက်စီးသေးဘူး

နှစ်တွေကြာတဲ့အထိ သူ ဘယ်လိုများသိမ်းထားခဲ့တာလဲ? ရှေးဟောင်းအမွေအနှစ်မဟုတ်သော ဘယ်တော့မှမသေတဲ့ခံစားချက်တွေကို သူဘယ်လိုများသိမ်းထားခဲ့တာလဲ?

notebook cover လေးကိုကျနော်ဖွင့်လိုက်တယ်

ပထမဆုံးစာမျက်နှာကစာသားများ....

ရင်ထဲကိုအပ်စိုက်ချလိုက်သလိုစူးခနဲအောင့်သွားတယ်

📜 Taeyong hyung ကိုအရမ်းချစ်တယ်📜

ဝိုင်းစက်နေတဲ့ကလေးလက်ရေးလေးတွေနဲ့ဒီစာသားတစ်ကြောင်းကိုပဲ ၁၂ မျက်နှာလောက်ရေးထားရှာတယ် ကျနော့်နှလုံးသားကိုနူးညံ့ပေမယ့်အေးစက်လွန်းတဲ့လက်ဖျားတို့နဲ့ထိတွေ့သွားတဲ့ စာကြောင်းများ...

Meaning of Heather Where stories live. Discover now