Meaning of Heather Ch-24

590 70 1
                                    

Unicode

(zawgyi below)

Jaehyun's POV

သူ့ကိုစိတ်မချလွန်းလို့သူ့ကုတင်ဘေးမှာအိပ်ချင်ပေမယ့်လည်း နှင်ထုတ်မိန့်ပေးထားတာမို့လို့သူ့အခန်းအပြင်မှာပဲ စောင်ခြုံအိပ်ခဲ့ရတယ်

အိမ်ရောက်မှသေချာကြည့်မိတော့ရောင်နေပြီဖြစ်တဲ့ချုပ်ရိုးဒဏ်ရာကဖောင်းလာပြီဖြစ်သည်။

အချစ်တို့ဝေဆာလာချိန်မှာ သူပေးတဲ့ဒုက္ခကလည်းပန်းကလေးနဲ့ပစ်ပေါက်သလိုဖြစ်ခဲ့တယ်...

************

Next Morning

ပြင်းထန်လှတဲ့နာကျင်မှု ကချုပ်ရိုးနေရာကထွက်လာခဲ့တယ် ဆတ်ခနဲကန်လာတဲ့ခြေဖဝါးနုနုကြောင့်...

"အာ့"

"ထတော့ ခြေထောက်နဲ့ကန်တာလေးကိုပဲအဖြစ်သည်းမနေနဲ့ ငါ ငှက်ပျော်သီးဖျော်ရည်သောက်ချင်တယ်"

ခါတိုင်းလိုပဲ ခြေထောက်နဲ့ကန်ပြီးနှိုးလာတဲ့သူ့အကျင့်ကလေးကိုသဘောကျမိပေမယ့် ကန်ချက်က ကျနော့်ရဲ့ချုပ်ရိုးနေရာဖြစ်နေလို့ ရင်နင့်အောင်နာကျင်လိုက်ရတယ်...

ဒါပေမယ့်လည်း သူ့ခိုင်းစေချက်ကြောင့်ကျနော်ချက်ချင်းထပြီးနောက်ဖေးချောင်မှာ ဖျော်ရည်စက်တစ်လုံးနဲ့ ကျနော့်အလုပ်ကိုစတင်ခဲ့တယ်

ဖြုတ်ခနဲကုန်သွားပြီဖြစ်တဲ့ ငွေသိန်း၂၅ သိန်းကိစ္စကိုတွေးလိုက်မိတော့ကျနော်သက်ပြင်းချလိုက်မိပါရဲ့

ဆေးရုံစရိတ် ဆေးစရိတ်နဲ့ဓာတ်စာစရိတ်တွေကအတော်အကုန်မြန်တာပဲ

ညက Taeyong ကိုကုန်းပိုးပြီးအိမ်ပြန်ခေါ်လာရတယ် သူ့အိပ်ခန်းထဲပို့ပြီးတဲ့နောက်မှာ Yuta နဲ့ကျနော်ဖုန်းဆက်စကားပြောပြီးတိုင်ပင်ခဲ့တယ်

နှလုံးခွဲစိတ်မှုကြောင့်ထပ်ကုန်လာဦးမယ့်ငွေက ကျန်တဲ့သိန်းအစိတ်နဲ့ဘယ်လိုမှလောက်မှာမဟုတ်ဘူးလေ....

အချိန်နည်းနည်းလောက်ယူပြီးရင်

ကျနော် Yuta ဆီမှာအခြားသော အတွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုထပ်ရောင်းရမယ်...

Meaning of Heather Where stories live. Discover now