Meaning of Heather Ch-13

725 72 6
                                    

Unicode

(zawgyi below)

Jaehyun's POV

ည ၈နာရီလောက်ဖြစ်လို့မှောင်ပိန်းနေတဲ့အချိန်

ဦးထုပ်အနက်ရောင်ကိုအရှေ့ကိုငိုက်ဆောင်းထားပြီးအနက်ရောင်ဝမ်းဆက်ဝတ်လျက် Seoul မြို့ရဲ့ချောင်ကျတဲ့လမ်းလေးတွေထဲကိုကျနော်လျှောက်သွားနေမိတယ်။ ခေါင်းကိုလည်းအောက်ငုံ့ထားလို့ ကျနော့်ကိုမျက်နှာတောင်မမြင်ရလောက်။ အလွန်ဆုံးမြင်မှနှုတ်ခမ်းပေါ့

ချောင်ကျတဲ့လမ်းကြားဖြစ်လို့ ညအမှောင်အကျရောက်ဆုံးနေရာဖြစ်တဲ့အပြင်လူပြတ်တဲ့နေရာလည်းဖြစ်နေတယ်။ ဒါပေမယ့်ဒီလမ်းကြားထဲမှာကျနော်တစ်ယောက်တည်းတော့မဟုတ်။ ကျနော့်ရှေ့မှာ လူတစ်ယောက်။

ကျနော်ပစ်မှတ်ထားရတဲ့လူတစ်ယောက်

ဒီနေ့တစ်နေကုန်သူ့ကိုလိုက် spy ထောက်လှမ်းနေတာ။ အခါအခွင့်မသင့်လို့လှမ်းဆွဲပြီးတိုက်ရိုက်တွေ့လို့မရခဲ့ဘူး။ ကျနော်လိုက်နေမှန်းမသိတဲ့ သူကတော့သူ့အိမ်သူပြန်ဖို့ ခါတိုင်းပြန်နေကျလမ်းအတိုင်းသွားနေတယ်။ ဒါပေမယ့်သူရွေးခဲ့တဲ့လမ်းက လူပြတ်လွန်းပြီယတိတ်ဆိတ်လွန်းတဲ့လမ်းကြား။ အချိန်နဲ့အခြအနေကြောင့်ကျနော်အခွင့်အရေးရခဲ့တယ်။

လူပြတ်တဲ့လမ်းထဲရောက်မှသူ့နောက်ကိုကျနော်လိုက်နေတယ်ဆိုတာသူသတိထားမိလာတဲ့ပုံပါပဲ။ သင်္ကာမကင်းတဲ့စိတ်နဲ့ကျနော့်ကိုလှည့်လှည့်ကြည့်တယ်။

ကျနော်လိုက်နေတဲ့လူတစ်ယောက်ကိုပိုပြီးတိကျအောင်ဖော်ပြရရင် ကျနော့်ထက်အားနွဲ့တဲ့မိန်းကလေးတစ်ယောက်။ သူအိမ်မပြန်ခင် အိမ်အတွက်လိုအပ်တဲ့အသီးအနှံတွေဝင်ဝယ်ထားလို့ စျေးဝယ်ထားတဲ့ပစ္စည်းထုပ်တွေကိုပါအလေးအပင်အနေနဲ့ကိုင်ထားရသေးတယ်။

ကျနော်သူ့နောက်လိုက်နေတဲ့ခြေလှမ်းတွေကိုအရှိန်မြှင့်လိုက်တယ်

သူ့လက်ကိုအမြန်ဆွဲပြီး အုတ်တွေနဲ့လုပ်ထားတဲ့နံရံဘက်ကို သူ့ခန္ဓာကိုယ်သေးသေးလေးကိုယ်ကပ်လိုက်တယ်

အကူအညီမရတဲ့နေရာမှာအကြမ်းဖက်မှုဖြစ်ခဲ့တဲ့အတွက် သူ့ကိုယ်သူလည်းတော်တော်လန့်သွားပုံပါပဲ

Meaning of Heather Where stories live. Discover now