Part _ 1

3.3K 205 13
                                    

ဆန်းကြယ်သော  ကံကြမ္မာ၏အစ

-----------------------------------------------------------

ဂျပန်မြေမှာမွေးခဲ့ ကြီးပြင်းခဲ့သောကြောင့် ဖေဖေနဲ့ မေမေရဲ့ ဇာတိမြေဟာ ကျွန်တော့အတွက် သိပ်ကို စိမ်းနေခဲ့သည်

ဂျပန်မြေနဲ့ ကိုရီးယားမြေဟာ သိပ်ကို ကွာခြားမှုတော့မရှိလှပါဘူး

ဖေဖေသည် သံရုံးအစိုးရဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ဂျပန်နိုင်ငံသို့ သံတမန် အဖြစ်  ပြောင်းရွေ့ခံရသည်
ယခုတော့ အသက်အရွယ်လည်း ရကာ  ကိုရီးယားမှာပဲ အခြေစိုက်ရန် ပြန်လည် ပြောင်းရွေ့လာခဲ့ခြင်းဖြစ်သည်

ကိုရီးယားမြေကြီးရေ ငါ့ကို အတတ်နိုင်ဆုံးကူညီပေးပါ
သူမသိသော နေရာတစ်ခုဖြစ်တယ့် ဒေသကို တိုင်တည်ကာ ပြောလိုက်မိသည်.....

'သားငယ် sehun လေး'

'ဟုတ် မေမေ' 

ဂျပန်မြေသည် မွေးရပ်မြေဖြစ်သော်လည်း ဖေဖေနှင့် မေမေတို့သင်ကြားပေးမှုကြောင့် အိမ်၌ မိခင် ဘာသာစကား ပြောကာ အပြင်လောက၌ ဂျပန်လိုပြောဆိုနိုင်အောင် ထိန်းသိမ်းပေးခဲ့သည်. ဒီတစ်ခုတော့ တကယ်ကို ကိုရီးယားမှာ အဆင်ပြေလှသည် သူကိုရီးယားလိုပြောတတ်သည်လေ

'သားငယ် မနက်ဖြန်ကျောင်းသွားအပ်ရမယ်နော် '

မေမေခေါ်လို့ ဧည့်ခန်းထဲကိုဝင်ထိုင်ရင်း ဖေဖေက ကျောင်းအပ်ဖို့ပြောသည်

'မနက်ဖြန် အသင့်လုပ်ထားလိုက်နော် ဖေဖေတို့ ကျောင်းအုပ်ကြီးနဲ့ အစောတွေ့ဖို့လိုတယ်'

'ဟုတ် ဖေဖေ'

'သား sehun လေး' မေမေသည် တစ်ဖက်ဆိုဖာပေါ်မှ sehun ရှိသည့်ဘက်သို့ ကူးပြောင်းလာကာ သားငယ်၏ လက်လေးကို နွေးထွေးစွာ ဆုပ်ကိုင်လာသည်

'သားငယ်လေး နေသားမကျသေးတာ မေမေတို့သိပါတယ် နောက်တော့အဆင်ပြေမှပေါ့သား ရယ် နောက်အားလည်း ဂျပန်ကို သွားလည်လို့ရတာပဲလေနော့'

မေမေသည် sehun အားနွေးထွေးစွာနှင့် အေးအေးဆေးဆေး နားဝင်အောင်ပြောလေသည်

Sehun သည် သိပ်ကို အစွဲအလမ်းကြီးသော ကောင်ငယ်လေးတစ်ယောက်ဖြစ်တာကို မေမေတို့သိသည်
မွေးရပ်မြေဖြစ်တယ့် ဂျပန်ကိုစွန့်လာတာ စိတ်မကောင်းဖြစ်နေခြင်းကို မိဘတစ်ယောက်အနေနှင့် မပြောလည်း သိပေသည်
နောက်ပြီး သူ့ရဲ့ ဝါသနာနှင့် သူ့အိမ်လိုဖြစ်နေသော တဲအီကို အသင်းကိုစွန့်ပစ်ခဲ့ရတယ်မလား..

' Destiny  'Where stories live. Discover now