Part_10

807 96 26
                                    


မင်းရဲ့ဆန္ဒလေးတစ်ခုဟာ...ငါ့အတွက်လမ်းစလေးဖြစ်လို့လာတယ် ဆယ်ဟွန်း

*Destiny*

'ချန်းယောလ် ငါ မင်း အိမ်ရှေ့ရောက်နေပြီ'

စီးလာတဲ့ စက်ဘီးကို အသာရပ်ရင်း..ချန်းယော်လ်ကို ဖုန်းခေါ်ရသည်။

'ဘဲလ်တီးလိုက်လေကွာ..ငါရေချိုးမလို့ ပြင်နေလို့...မေမေ တံခါးလာဖွင့်ပေးလိမ့်မယ် '

ဧည့်ဝတ်အလွန်ကျေပွန်သော ချန်းယောလ်ရဲ့ စကားကြောင့်..ကိုယ်တိုင် ဘဲလ်တီးရကာ အိမ်ထဲဝင်ရတော့မည်ပေါ့။

'ဘယ်သူလဲ?'

'ကျွန်တော် ချန်းယောလ်သူငယ်ချင်းပါ '

ခြံရှေ့တံခါးကို လာဖွင့်ပေးသောသူမှာ..ချန်းယောလ်နဲ့ခပ်ဆင်ဆင်တူသော အမျိုးသမီးတစ်ယောက်။
ချန်းယောလ်အမေလို့ ပြောရအောင်လည်း  အသက်အရွယ်က ဆယ်ဟွန်းတို့နဲ့သိပ်မကွာလောက်ပေ။

'အာ..ဝင်လေ မောင်လေး..ပတ်ချန်းက ခုမှရေးချိုးနေတုန်း..
အမက သူ့အစ်မလေ..ပတ်ယူရာ '

'ဟုတ် အမ..တွေ့ရတာ ဝမ်းသာပါတယ်..
ကျွန်တော်က အိုဆယ်ဟွန်းပါ ။
အမက အရမ်းလည်း ချောပြီး ကြည့်ကောင်းပါတယ် '

'အဟား..ပတ်မာမားရေ ကြားပါတယ်နော်... '

ပိုက်ဆံအိတ်အကောင်းစားကိုကိုင်ကာ အိပ်ခန်းထဲက ထွက်လာသော အန်တီက ချန်းယောလ်အမေဖြစ်လောက်မည်။...သေချာတာကတော့ သားအမိသုံးယောက်လုံးရဲ့ ထူးခြားချက်က လှပတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်တာပဲနေမည်။

'ဒါ ချန်းလေး ပြောပြောနေကြ ဆယ်ဟွန်းလေးထင်တယ်..
ခန့်ချောလေးကွယ်'

'ဟုတ်တယ်နော် မာမား...ဘတ်ခ်ကလေးက ချစ်ဖို့ကောင်းသလောက် ဆယ်ဟွန်းလေးကလည်း ချောတာပဲ'

မာမားပတ်ရဲ့ စကားတွေကို ထောက်ခံနေသော အမယူရာ..။သူတို့်ကြည့်ရတာ ဘတ်ခ်ဟွန်းကိုတော်တော်ချစ်ပုံရသည်။

' Destiny  'Donde viven las historias. Descúbrelo ahora