Part_8

987 121 48
                                    

စာမလုပ်ချင်သော ဂင်မ်ဂျုံအင်

*Denstiny*

ဒီကနေ့ဟာ..စနေကျောင်းပိတ်ရက်ဖြစ်သည်.။ အားကစားပြိုင်ပွဲလည်း ပြီးဆုံးသွားပြီ ဖြစ်တာကြောင့်..
ပုံမှန်စာလုပ်ချိန်များသို့ ပြန်ရောက်လာခဲ့ပြီ.။
အိုဆယ်ဟွန်းသည်လည်း..ပြိုင်ပွဲအတွင်းပျက်ကွက်ခဲ့သော..ကျောင်းစာများကို.. မနေ့ည(သောကြာည)က အပြီးထိုင်ကြည့်ခဲ့သည်။
ထို့ကြောင့်..သူ့လခြမ်းကွေး မျက်လုံးလေးများက...အနည်းငယ်တော့..ညိုနေလေသည်။

' သားငယ် မနက်အစောကြီး ဘယ်သွားမလို့လဲ? '


စပို့ရှပ်အပြာကိုဝတ်ဆင်ထားပြီး...ကျောပိုးအိတ်ပါလွယ်ကာ ထွက်လာသော ဆယ်ဟွန်းငယ်သည် အရင်နေ့က အိပ်ယာထလာနေကျ Pajama နဲ့ မဟုတ်။
အပြင်တနေရာရာများ သွားမလို့်လားဆိုတာ.. ဆယ်ဟွန်းမေမေ ခန့်မှန်းနေသည်။

'အာ...ဟုတ်တယ် မေမေ..သား ဘတ်ခ်ဟွန်းနီ တို့နဲ့ စာအတူတူသွားလုပ်မလို့..'


မနက်စာအတွက် ပေါင်မုန့်ကို ဘလူးဘယ်ရီယိုသုတ်နေသော..မေမေက ဆယ်ဟွန်းကို လှမ်းမေးနေသောကြောင့် လန့်သွားမိတာအမှန်ပင်..။
ခု ဆယ်ဟွန်းက သူ့မေမေကို လိမ်နေတာကိုး။

'သား..မနေ့ညက စာကို ညနက်အထိ ကြည့်တယ်မလား.
ကြည့်စမ်းပါအုန်း မျက်ကွင်းတွေတောင် ညိုနေပြီ..'

ပေါင်မုန့်နဲ့ယိုကြား အလုပ်ရှုပ်နေတဲ့ မေမေက မျက်မှန်နဲ့ဖုံးကွယ်ထားသော ဆယ်ဟွန်းမျက်လုံးတွေကို ကြည့်ပြီး ပြောသည်။

' ဟုတ်...သား နည်းနည်းနောက်ကျသွားတယ် မေမေ '

' အိပ်ချိန်လေးတော့ ပုံမှန်ထားပါ သားရယ်..'

မေမေက ပြောရင်းဆိုရင်း နွားနို့ပူပူကို သူ့ရှေ့လာချတော့ နှာခေါင်းရှုံလိုက်သည်။
သူနွားနို့ကို မုန်းနေပြီ..မသောက်ချင်တော့ပါ။

' ဟိတ်ကောင်လေး...နှာခေါင်းရှုံ့မနေနဲ့ ဒီခွက်ကို ကုန်အောင်သောက်ရမယ်..
ကျန်းမာဖို့ အားရှိအောင် နို့များများသောက်ရမယ်နော် ကြားလား! '

' Destiny  'Where stories live. Discover now