Part_12

887 100 11
                                    

*Destiny*


"အိုပါးရေ..."

"ဒုန်း ဒုန်း ဒုန်း...အိုပါး."

ဘတ်ခ်ဟွန်းအခန်းထဲမှာ ဂိမ်းထိုင်ဆော့နေတုန်း...အခန်းတံခါးကို တဒုန်းဒုန်းထုပြီး အော်နေသော ဗြောင်းအေးရီ ။

"အိုပါး တံခါးဖွင့်ပေးအုန်း..ညီမလေး အိုပါးကို မုန့်လာပေးတာ "

ရုတ်တရက်ကြီး ယဉ်ကျေးပြီး..သဘောတွေကောင်းနေသော ညီမတော်ကြောင့်..ဘတ်ခ်ဟွန်းဟာ တစ်ခုခုကို အနံ့လည်းရနေသလို ခေါင်းလည်းကြိမ်းနေလေပြီ။

"အိုပါးရေ.."

ဒီလောက်ပြဲလန်နေသော အသံကြောင့် သူဆော့နေတဲ့ ဂိမ်းကို ခဏရပ်ကာ..အခန်းတံခါးသွားဖွင့်ပေးရတော့၏။

"ဟဲ့ နင်ဘာတွေဖြစ်နေတာလဲ.. အေးဆေးနေနော် ငါ့ကို ရွံစရာတွေလာမလုပ်နဲ့ "

ပုံမှန်ထက်ပိုလွန်းနေသော သူ့ညီမရဲ့ အပြုအမူတွေဟာ အတုအယောင်တွေဖြစ်ကြတာကြောင့်..ဘတ်ခ်ဟွန်း တည့်တည့်သာပြောတော့သည်။

"ဟင်း..ဟင်း..အိုပါးကလည်း ညီမလေးက အိုပါးအကြိုက် စတော်ဘယ်ရီ လာပို့ပေးတာကို..ဒါနဲ့လေ ညီမလေးမေးစရာရှိလို့ "

ဘတ်ခ်ဟွန်းကို တွန်းတိုက်ပြီး..အခန်းထဲဝင်သွားကာ ကွန်ပျူတာစားပွဲပေါ် အသီးပန်းကန်သွားတင်နေသော ညီမတော်။
ပုံမှန်ဆို ဘတ်ခ်ဟွန်းအခန်းကို ဝက်ခြံနဲ့တူတယ်လို့ပြောပြီး..ခြေဦးတောင် မလှည့်တဲ့ညီမ။

"ဟိုဟာ..လေ....."

လက်နှစ်ဖက်ကိုလိမ်ကျစ်ရင်း ပြောနေသော အေးရီမဟာ..အကြောရောဂါစွဲကပ်နေသလိုပင်။

"ငါ ဂိမ်းဆော့နေတာ မအားဘူးနော် အေးရီ ဆယ်ဟွန်းအကြောင်း လာမေးတာဆိုရင် လာရာလမ်းအတိုင်း ကြွတော့ "

"ဟာ အိုပါး နင်အကျင့်မကောင်းဘူး ငါက နည်းနည်းလေးပဲမေးမယ့်ဟာကို "

ချက်ချင်းကိုပြောင်းလဲသွားသော အေးရီမရဲ့ လေသနဲံ့ အမူအရာ ။

"အေးရီ ငါ့သူငယ်ချင်းတွေကိုတော့ စိတ်ချ နင့်လက်ထဲမထည့်ဘူး.. "

"အိုပါး!!!! "

"သွားတော့ဟာ ငါဂိမ်းဆော့နေတာ အာရုံပျက်တယ်..နင့်ကဲနေတာကိုလည်း ငါအိုမားနဲ့တိုင်ပစ်အုန်းမယ်  "

' Destiny  'Where stories live. Discover now