Part_14

589 62 20
                                    

အိမ်မက်တွေဟာ အမှန်တကယ်ဖြစ်လာနိုင်သလား.. စိတ်ကူးယဉ်သက်သက်လားဆိုတာ ဂျုံအင်အနေနဲ့ မတွေးနိုင်ခဲ့ဘူး။... မဖြစ်နိုင်တာ တစ်ခုလို့လည်း ယုံကြည်မိ၏။
အရင်ခပ်ငယ်ငယ်အရွယ်ထဲက ဂျူံအင်ဟာ အိမ်မက်မက်သည်ကရှားပြီး မနိုးတမ်းအိပ်တတ်သည့်အကျင့်ရှိသူဖြစ်သည်။
စိတ်စွဲလမ်းမှုများလွန်းမှသာ တစ်ခါတစ်ရံ မက်တတ်ခြင်း။
ယခုမူ နေ့ရက်တိုင်းလိုလို မက်နေတတ်တဲ့အိမ်မက်က ထူးဆန်းစွာ ဆယ်ဟွန်းနဲ့သက်ဆိုင်နေတတ်၏။...ထူးဆန်းလွန်းတဲ့ အိပ်မက်အကြောင်းတွေကြောင့်..သူအိပ်ရေးမဝခဲ့တာကြာပြီ။ ဒါ့ကြောင့်..သိသူများကိုလိုက်မေးမည်ဟု ကြံရွယ်မိသည်။

"အကိုဒယ် အိမ်မက်တွေက တကယ်ဖြစ်လာနိုင်လားဟင်? "

ကားမောင်းနေတဲ့ အကိုဒယ်ကို အာရုံမနောက်စေချင်ပင်မယ့်..သိချင်လွန်းတဲ့ကိစ္စဖြစ်နေတာကြောင့်..တစ်ဦးတည်းသော အကိုကိုမေးကြည့်ဖြစ်၏။

"ဘာလို့လဲ ငယ်လေးရဲ့?"

အမေးကို အမေးနဲ့ပြန်တုံ့ပြန်သော အကိုကြောင့် ဂျုံဒယ် နှုတ်ခမ်းဆူ၏။ သူမေးတာကို မဖြေဘူး။

"ကျွန်တော်က မေးတဲ့သူလေဗျာ အကိုဒယ်ကဖြေပေါ့ "

"အေးပါ ငယ်လေးရာ..အကိုဒယ်ဖတ်ဖူးတာတော့ မနက်လင်းခါနီး မတ်တဲ့ အိမ်မက်က အမှန်လို့ ပြောထားတယ် ငယ်လေးရဲ့ ဒါမယ့် အိမ်မက်ဆိုတာ ကိုယ်စိတ်စွဲလမ်းလို့ ဖြစ်တာပါ..အကိုကတော့ သိပ်မယုံဘူး "

"အင်းနော်..စိတ်စွဲမိတာပဲနေမှာပါ "

ဆယ်ဟွန်းကို ခင်တွယ်လွန်းလို့ အိမ်မက်မက်တာပဲနေမှာပါ။

"ဘာလဲ ငယ်လေးက ကောင်မလေးအကြောင်းမက်လို့လား?"

"အာ..မဟုတ်ရပါဘူးဗျာ.အကိုဒယ်သာ ကောင်မလေးရအောင်မြန်မြန်လုပ်တော့ သူများကိုလိုက်နောက်မနေနဲ့ "

"အောင်မယ်..ဒီကလေးတော့ ငါ့ပဲလာအမှုပတ်ပြန်ပြီ.ကျောင်းလိုက်မပို့ပေးပဲ နေလိုက်ရမလားပြော "

ဂေါ်မစွံသည့်ကိစ္စကို အစဖော်သည်ကြောင့်..ဂျုံဒယ်ကားမောင်းနေရင်း သူ့ညီအားစလိုက်၏။

You've reached the end of published parts.

⏰ Last updated: Aug 04, 2019 ⏰

Add this story to your Library to get notified about new parts!

' Destiny  'Where stories live. Discover now