Part_9

997 114 19
                                    

ရန်တိုက်ပေးသော ဆယ်ဟွန်း


*Destiny*


ကျောင်းသားတွေရဲ့ တစ်နေ့တာမှာ ဖိအားဆိုတဲ့ အရာက အများဆုံးသက်ရောက်မှုပဲ။
ဥပမာအားဖြင့်....မိဘတွေရဲ့ ဖြစ်စေချင်မှုကြောင့် အနောက်ကနေ တွန်းအားပေးမှု
အတန်းထဲမှာ စာမရလို့ ဆရာ ဆရာမရဲ့ ဆူပူမှု ၊ အတန်းသားအချင်းချင်း မနာလို အင်အားပြိုင်မှု ၊ ကိုယ်ကိုတိုင် သင်ယူနေတဲ့ ဘာသာတွေအပေါ် နားမလည်မှု.
ဒီအရာတွေဟာ ကျောင်းသားအများစုရဲ့ ဖိအားပေးခံနေရတဲ့ အကြီးမားဆုံး သက်ရောက်မှုတွေပဲ..။ အထူးသဖြင့်..တက္ကသိုလ်တတ်ရောက်ရတော့မယ့် အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားတွေမှာ အများဆုံးဖြစ်သည်။

'ဆယ်ဟွန်း!  မျက်နှာလည်း မကောင်းပါလား? နေမကောင်းဘူးလား!'

သမိုင်းလက်ချာ(lecture) ချိန် ပြီး၍ လွယ်အိတ်ထဲ စာအုပ်တွေအသီးသီးထည့်နေရင်း ဆယ်ဟွန်းမျက်နှာ မအီမသာဖြစ်နေတာကြောင့် ဘတ်ခ်ဟွန်းနဲ့ ချန်းယောလ်မေးဖြစ်ကြသည်။

'ဒီအတိုင်းပဲ သမိုင်းတွေ နားမလည်လို့!  ငါဒီပုံအတိုင်းဆို တက္ကသိုလ်ကောင်းကောင်းရောက်ပါ့မလား? '

ဆယ်ဟွန်းတွေးပူနေတာက မေမေ့ကြောင့်ဖြစ်သည်။ မေမေဟာ သူ့ကို ဆိုးလ်တက္ကသိုလ်ကို တတ်စေချင်တာကြောင့် သူအနေနဲ့ ဆန္ဒဖြည့်စည်းပေးချင်သည်။ သို့သော်လည်း သူသင်ယူထားတဲ့ ကိုရီးယားဘာသာစကားဟာ အရေး အဖတ်နဲ့ အပြောကို ကျွမ်းကျင်ပင်မယ့် တကယ့် သမိုင်းထဲမှာပါဝင်နေတဲ့ စာလုံးခက်ခက်ခဲခဲတွေကိုတော့ သူလိုက်မဖတ်နိုင်သေးဘူး..။ကျန်တဲ့ ဘာသာတွေက ဂျပန်မှာလည်း အတူတူသင်ယူရတဲ့ ဘာသာတွေဖြစ်တာကြောင့် အထူးတလည် စိတ်ရှုပ်စရာမရှိပေ။

'မင်းကလည်း ဘာတွေ တွေးပူနေတာလဲ သေချာလိုက်ကျက်ကြည့်ရင် ရသွားမှာပါ! '

'ငါလည်း တခါတလေကျရင် တွေးမိတယ် ဆယ်ဟွန်းရဲ့!သမိုင်းဆိုတာမျိုးက အတိတ်က ပြီးပြီသားတွေကွာ သေလူတွေ ချန်ထားခဲ့တဲ့ အရာတွေကို ငါတို့က စာလုပ်ပြီး ကျက်နေရတယ် ပြီးတော့ အမှန်တကယ် ယခုလက်ရှိဘဝမှာ သိပ်အသုံးမဝင်တော့တာကိုး!! '

' Destiny  'Where stories live. Discover now